လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀ကျော်၁၆ရာစုကာလတုန်းကရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်မှာဘုရင့်နောင်မင်းတရားကြီးသွန်းလု ပ်ချိတ်ဆွဲ လှူဒါန်းထားတဲ့ ကြေးခေါင်းလောင်းပတ်လည်မှာ ရေးသားထားတဲ့ ခေါင်းလောင်းစာတွေကို UNESCO က ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အဆိုပြုတင်သွင်းမှု၁၃၀အနက်မှ ရွေးခြယ်လိုက်တဲ့ ရ၈မျိုး ထဲမှာ အပါအဝင်လည်း ဖြစ်ပါတယ်။ ခုလိုမျိုးUNESCO ရဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် မြန်မာနိုင်ငံကရှေးဟောင်းပစ္စည်းတွေသတ်မှတ်ခံရတာဟာ တတိယမြောက်ဖြစ်ပါတယ်။

ရွှေစည်းခုံရင်ပြင်တော်ပေါ်ရှိ ဘုရင့်နောင်ခေါင်းလောင်းကြီးကို မြန်မာသက္ကရာဇ် ၉၁၇( အေဒီ၁၅၅၇ခုနှစ်)တွင်ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးကသွန်းလုပ်ကာချိတ်ဆွဲလှူဒါန်းထားခြင်းလည်းဖြစ်ပါတယ်။ခေါင်းလောင်းစာတွင် မွန်၊မြန်မာ၊ပါဠိ သုံးဘာသာဖြင့်မှတ်တမ်းတင်ထားပါတယ်။

ဘုရင့်နောင်ခေါင်းလောင်းစာသည် ခိုင်လုံသောခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကိုတိုက်ဆိုင်စစ်ဆေးသောအခါမှန်ကန်တိကျခြင်း၊ ဘုရင့်နောင်မင်းတရားကြီး၏မိဖုရားအမည်များကိုအတိအကျသိရခြင်း ၊ မဟာရာဇဝင်ကြီးနှင့်မှန်န်းရာဇဝင်တော်ကြီးတို့တွင်မပြည့်စုံသည်များကိုမှန်ကန်အောင်ဖြည့်စွက်နိုင်ခြင်း စသည့်အချက်များနှင့်ပြည့်စုံသောကြာင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ခံရခြင်းဖြစ်ပါတယ်။

Source - VOA, ကြေးမုံသတင်းစာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။