မြန်မာအိုင်ဒေါရဲ့ အဆိုတော်ယွန်းဟာ အရမ်းလှလာသလို ချစ်ဖို့လည်းကောင်းလာပါတယ်။မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါက အသံချိုချိုနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ အဆိုတော့ယွန်းပဲဖြစ်ပါတယ်။

သူမဟာ မြန်မာအိုင်ဒေါအစီအစဉ်ရဲ့ ဆန်ကာတင် (၁၀)ယောက်စာရင်းမှာ ပါ၀င်ခဲ့တဲ့သူပါ။သူ့မဟာ ချစ်စရာကောင်းသလို စိတ်ထားကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။မြန်မာပရိသတ်တွေရဲ့ ရင်ထဲကိုရောက်အောင်သီဆိုနိုင်ခဲ့သူလေးတစ်ယောက် အခုလည်း ဖျော်ဖြေပွဲတစ်ခုအတွက်ကျောက်ဆည်မြို့ကို ရောက်ရှိနေတာလဲဖြစ်ပါတယ်။

ထိုပွဲကို မြန်မာအိုင်ဒေါမှ အနုပညာမောင်နှမတွေဖြစ်တဲ့ သားငယ်၊ဇင်ကြီး၊မိုင်းမိုင်စိုင်း တို့လဲအတူပါ၀င်သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။အခုတော့ အားလုံးကျောက်ဆည်မြို့ကိုရောက်ရှိနေပြီး ဖျော်ဖြေဖို့အသင့်ဖြစ်နေကြပါပြီ။

source - yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။