တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောဖြစ်တဲ့ ဆောင်းဂျွန်ကီဟာ ထိပ်တန်းမင်းသမီးဖြစ်တဲ့ ဆောင်းဟေဂိုနဲ့ လက်ထက်ပွဲ အပြီးမှာ ယာဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့ မင်းသား Kim Joo Hyuk ရဲ့ ဈာပန အခမ်းအနားကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်..။ အောက်တိုဘာလရဲ့နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ(၃၁)ရက်နေ့မှာ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ လက်ထက်မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ မင်္ဂလာပွဲအပြီးမှာတော့ ဆောင်းဂျွန်ကီဟာ သူတို့ရဲ့ စီနီယာ သရုပ်ဆောင်မင်းသားရဲ့ ဈာပနကို သွားရောက်ခဲ့တာဖြစ်ပါတယ်..။ ဒါကို ကြည့်ခြင်းအားဖြင့် မင်းသားဆောင်းဂျွန်ကီဟာ သူဘဝရဲ့ အပျော်ဆုံးနေ့မှာတောင် လူမှုရေးမှာလည်း မပျက်ကွက်ဖြစ်ကြောင်းကို တွေ့ရတာ ဖြစ်ပါတယ်..။

မင်းသား Kim Joo Hyuk ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၀)ရက်နေ့မှာ ယာဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်..။ အောက်တိုဘာ(၃၀) ကိုရီးယားစံတော်ချိန် ညနေ(၄)နာရီ မိနစ်(၃၀) အချိန်မှာ ယာဉ်တိုက်မှုဖြစ်သွားခဲ့ပြီး ဆေးရုံကို ပို့ဆောင်နေစဉ် (၆)နာရီ(၃၀) မိနစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။ ချစ်သူဖြစ်သူ မင်းသမီး Lee Yoo Young ဟာလည်း သတင်းကြားပြီးချင်ချင်းမှာပဲ ရိုက်ကူးရေးကို ရပ်နားပြီး ဆိုးလ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်..။ မင်းသား Kim Joo Hyuk ရဲ့ ဈာပန အခမ်းအနားကို နိုဝင်ဘာ(၁)ရက်နေ့မှာ ဆိုးလ်မြို့မှာ ရှိတဲ့ Asan Medical Center မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ Kim Joo Hyuk ရဲ့ နာရေး ဈာပနကို ဆောင်းဂျွန်ကီ အပါအဝင် အနုပညာရှင်များစွာ တတ်ရောက်ခဲ့တာ တွေ့ရပါတယ်..။

http://kstarlive.com/Song-Joongki-Spotted-Visiting-Late-Actor-Kim-Joohyuk-s-Mortuary-after-His-Wedding-589674

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ မင်္ဂလာပွဲကတော့ တောင်ကိုရီးယားနိုင်ငံသာမက အာရှနိုင်ငံတွေကပါ ဆုမွန်ကောင်းပေးခဲ့တဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့ပါတယ်..။ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကျင်းပပြုလုပ်ခဲ့ပြီး အားကျစရာကောင်းလောက်အောင် အရမ်းကို ပျော်ရွှင်နေတဲ့ မင်္ဂလာစုံတွဲဟာ ပရိသတ်တွေကို အားကျပြီး ကြည်နူးပီတိမှုကို ဖြစ်စေခဲ့ပါတယ်..။ ဟန်းနီးမွန်း ခရီးစဉ်ကိုတော့ ဥရောပဘက်ကို သွားမှာ ဖြစ်ပြီး ဘယ်မီဒီယာကိုမှ အင်တာဗျူး မပြုလုပ်ဘဲ တောင်ကိုရီးယားနိုင်ငံကနေ ထွက်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်..။ မင်္ဂလာသစ္စာပြုလွှာကို ဖတ်နေချိန်မှာ အရမ်းပျော်ပြီး ခံစားချက်အပြည့်နဲ့ ဆို့နစ်နေစွာ ဖတ်နေတဲ့ ဆောင်းဂျွန်ကီနဲ့ ချစ်ရသူနဲ့ ထာဝရလက်တွဲခွင့်ရလို့ အရမ်းကို ပျော်ရွှင်နေတဲ့ သတို့သမီးလေး ဆောင်းဟေဂို ဆောင်း-ဆောင်း မင်္ဂလာပွဲလေးဟာ ကြည်နှုးပီတိ ဖြစ်စေတာ တွေ့ရပါတယ်..။

Source - KstarLive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။