ရန်ကုန်-လားရှိုးပြေးဆွဲလျက်ရှိတဲ့ရာဇာထွန်းအဆင်မြင့်

ခရီးသွားကားပေါ်တွင်စီးနင်းလိုက်ပါလာတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးခရီးသည်တစ်ဦးကားပေါ်တွင်ကလေးမွေးဖွားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ၁ရက်မနေ့ကမွန်းလွဲ၄နာရီ၃၀မိနစ်အချိန်တွင်ကျောက်မဲနှင့်သီပေါကြားကုန်းသာရွှာအနီးတွင်ရာဇာထွန်းကားပေါ်တွင်ပဲအောင်မြင်စွာမွေးဖွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။၁၁၅မိုင်ပိုင်အိုးနီးယားလုပ်ငန်းစုဥက္ကဌကိုဇော်လှမြင့်ပိုင်ရန်ကုန်-လားရှိုးပြေးဆွဲလျက်ရှိ

တဲ့ရာဇာမင်းအဆင့်မြင့်ခရီးသွားကား(7K/8881)ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာတဲ့ဖခင်ဦးသက်ထွန်း,မိခင်ဒေါ်နီနီဝင်းတို့မှမွေးဖွားသန့်စင်လိုက်တဲ့ဗုဒ္ဓဟူးသမီးကလေးမဝင်းရာဇာပိုင်လေးကိုရာဇာမင်းကားပေါ်တွင်ပဲကျန်းကျန်းမာမာနဲ့အောင်မြင်စွားမွေးဖွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

မိခင်ရဲ့အချင်းဖြတ်ခြင်းနဲ့လိုအပ်တဲ့ကိစ္စရပ်များကိုကားလမ်းဘေးကုန်းသာယာရွှာလေးမှအိမ်တစ်အိမ်ကပဲကူညီဆောင်ရွှက်ပေးခဲ့တာဖြစ်ပါတယ်။ရာဇာထွန်းအဆင့်မြင့်ယာဉ်လိုင်းမှဝန်ထမ်းများကလည်းလိုအပ်ချက်မရှိအောင်နွေးထွေးစွာကူညီဆောင်ရွက်ပေးကြတယ်လို့သိရပါတယ်။ယခုအချိန်မှာတော့မိခင်ရောကလေးပါကျန်းမာလျှက်ရှိကြောင်းသိရှိရပါတယ်။ယခုလိုဝမ်းသာစရာသတင်းကြားကြားခြင်းသမီးလေးအတွက် အလှူငွေ ၁သိန်းကျပ်နှင့် လိုအပ်တာမှန်သမျှကူညီဆောင်ရွက်ပေးဖို့ကျွန်တော်ယာဉ်အဖွဲ့ကိုမှာကြားခဲ့သလိုယာဉ်ပေါ်တွင်မွေးဖွားခဲ့သော သမီးငယ်လေးအားကျွန်တော်ပိုင် ၈၈၈၁ နံပါတ်ပါ ခရီးသည်တင်Express ယာဉ်တိုင်းတွင်ရာသက်ပန် (အခမဲ့)စီနင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ပိုင်အိုးနီးယားလုပ်ငန်းစုဥက္ကဌကိုဇော်လှမြင့်မှဆိုပါတယ်။

ယခုလိုရာဇာထွန်းအဆင့်မြင်ခရီးသွားကားပေါ်မှာအောင်မြင်စွာကလေးမွေးဖွားနိုင်ခြင်းဟာဒုတိယအကြိမ်မြောက်မွေးဖွားခြင်းဖြစ်တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့၁-၇-၂၀၁၆တုန်းကလည်းရာဇာထွန်းကားပေါ်မှာတင်သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်စွာမွေးဖွားခဲ့တဲ့သမီးငယ်လေးမိုးဇော်ပိုင်ဟာယခုဆိုကျန်းကျန်းမာမာနဲ့၃နှစ်အရွှယ်ရှိလို့နေပြီပဲဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ရာဇာထွန်းကားပေါ်မှာမွေးဖွားခဲ့တဲ့သမီးငယ်လေး၂ယောက်ရဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေဝမ်းမြောက်ကြည်နူးစေရန်မျှဝေပေးလိုက်ပါတယ်။ 

သမီးလေးမိုးဇော်ပိုင်(အသက် - ၃နှစ်)

သတင်းအရင်းအမြစ် - မိုးဇော်(ပိုင်အိုးနီးယား၁၁၅မိုင်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။