အနုပညာလောကမှာ အောင်မြင်မှုအကြီးမားဆုံးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအချစ်တွေကို ရရှိထားတဲ့ အနုပညာရှင်တွေကို ဖော်ပြပါဆိုရင် သူတို့လေးဦးကတော့ မပါမဖြစ်ပါ။ ပရိသတ်အချစ်တော် တီတီနဲ့အူဝဲ ခေးတို့အကြိုက် ကွီးနေတိုးနဲ့ အားလုံးရဲ့ အချစ်တော် ရွှေကစ် တို့ပဲဖြစ်ပါတယ်။ 

ယခုလတ်တလော လူမှုစာမျက်နှာပေါ်မှာ သူတို့လေးဦးပါဝင်ထားတဲ့ ဗီဒီယိုဖိုင်အတိုလေးဟာ ပရိသတ်တွေကြား နာမည်ကြီးလို့နေပါတယ်။ ယခုတလော လူမှုစာမျက်နှာထက်မှာ Video app လေးတွေနဲ့ အနုပညာရှင်အများစု Video တွေရိုက်တင်နေကြပြီး အချစ်တော်လေးဦးကလည်း ဟာသပုံစံလေး Video ရိုက်တင်ထားတာဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်လေးကတော့ နေပြည်တော် ရွှေနန်းတော်ဆိုင်ဖွင့်ပွဲကို လာရောက်ကြရင်း ဆုံမိရာက ရိုက်ထားတဲ့ Video file လေးဖြစ်ပါတယ်။ လေးယောက်သား ကနေတဲ့ ပုံလေးတွေဟာ ပရိသတ်တွေအမြင်မှာ အရမ်းကို ချစ်စရာကောင်းလို့နေပါတယ်။ ယခုဆိုရင်တော့ ဒီဗီဒီယိုလေးကို ကြည့်ရှုသူ သုံးသိန်းနီးပါးခန့်ရှိနေပြီး share လုပ်သူ သုံးထောင်ကျော်ခန့်ရှိနေပါပြီ ပရိသတ်ကြီးရေ။

ကဲ ပရိသတ်ကြီး မကြည့်ရသေးရင် ရွှေကစ်လေးရဲ့ fan page မှာ သွားကြည့်လိုက်ဦးနော်.

Source: Wut Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။