ဟိုချီမင်းမှာဗီယက်နမ်ကိုစိတ်ဓာတ်နဲ့အနိုင်ယူခဲ့တဲ့မြန်မာ


ပွဲမစခင်မြန်မာနဲ့ဗီယက်နမ်ဘယ်သူနိုင်မလဲလို့

မေးလာခဲ့ရင်ဗီယက်နမ်နိုင်မယ်လို့ပဲဖြေကြမှာပါ။

ဘာလို့အဲ့ဒီလိုဖြေရလဲဆိုရင်မြန်မာအသင်းနဲ့တတိယ

လုပွဲကစားတဲ့ဗီယက်နမ်ဟာကမ္ဘာ့ဖလားဖူဆယ်ပွဲ

သွားကစားထားတဲ့အသင်းပါ။လက်ရှိကမ္ဘာ့အဆင့်

ရပ်တည်မှုမှာလည်းဗီယက်နမ်ကမြန်မာထက်အများကြီး

မြင့်ပါတယ်။အုပ်စုပွဲတုန်းကတွေ့ဆုံမှုမှာလည်း

ဗီယက်နမ်ကမြန်မာကိုဂိုးပြတ်အနိုင်ရထားသလို

အိမ်ရှင်ကလည်းဗီယက်နမ်ပါပဲ။

ဟိုချီမင်းမှာကစားခဲ့တဲ့ညနေကပွဲမှာဗီယက်နမ်

ပရိသတ်တွေကွင်းလုံးပြည့်နီးပါးလာရောက်အားပေး

ခဲ့ကြတာပါ။မြန်မာအသင်းအနေနဲ့ဗီယက်နမ်လို

အသင်းကိုဒီလိုအခြေအနေမျိုးမှာအနိုင်ရခဲ့တာဟာ

တကယ့်ကိုအံစရာပါ။မြန်မာ့စိတ်ဓာတ်နဲ့မဆုတ်မနစ်

ကြိုးစားခဲ့တာကြောင့်မို့ဗီယက်နမ်ကိုအနိုင်ယူနိုင်ခဲ့

ခြင်းပဲဖြစ်ပါတယ်။ကိုယ့်ထက်အစစအရာရာ

သာနေတဲ့ဗီယက်နမ်ကိုအနိုင်ကစားခဲ့တဲ့အတွက်

မြန်မာဖူဆယ်အသင်းကိုဂုဏ်ပြုရမှာပါ။


ပွဲစပြီဆိုတာနဲ့ဗီယက်နမ်ကမြန်မာဘက်ကိုဖိကစားခဲ့

ပါတယ်။ပထမပိုင်းအပြီးမှာဗီယက်နမ်ကတစ်ဂိုးဂိုးမရှိနဲ့

မြန်မာအသင်းကိုဦးဆောင်ထားခဲ့ပါတယ်။ဒုတိယ

ပိုင်းမှာလည်းဗီယက်နမ်ကနောက်တစ်ဂိုးထပ်သွင်း

လိုက်တဲ့အချိန်မှာမြန်မာတော့သွားပြီဆိုပြီးထင်လိုက်မိပါတယ်။ဒါပေမယ့်အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့မြန်မာ

အသင်းအကောင်းဆုံးပြန်လာနိုင်ခဲ့ပြီးချေပဂိုးနှစ်ဂိုး

ပြန်သွင်းနိုင်ခဲ့ပါတယ်။ပယ်နယ်တီအဆုံးအဖြတ်ခံယူ

ရာမှာတော့မြန်မာအသင်းက6-5နဲ့အနိုင်ရရှိသွားပြီး

ပြိုင်ပွဲ့ရဲ့တတိယနေရာကိုထိုက်တန်စွာရရှိသွားခဲ့ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။