တန်ဆောင်တိုင်လရဲ့ ဆေးပေါင်းခတဲ့ညမှာ မြန်မာလူမျိုးတို့က မယ်ဇလီဖူးသုပ်ကို ညသန်းခေါင်အချိန်မှာ တစ်နှစ်တစ်ကြိမ် သုပ်စားလေ့ရှိပါတယ်။

တစ်ခါမှ ကိုယ်တိုင် မသုပ်စားဖူးတဲ့သူတွေအနေနဲ့ ဘယ်လိုသုပ်စားရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်နေ်ာ..ပျော်ရွှင်စရာ တန်ဆောင်တိုင်လပြည့်လေးဖြစ်ပြီး ဆေးပေါင်းခတဲ့ညတစ်ညဖြစ်ပါစေနော်။

မယ်ဇလီဖူးသုပ်ရန်

မယ်ဇလီဖူး - 100 g

ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ။

ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊

ကြက်သွန်ဖြူ၊နီဆီချက်- ထမင်းစာဇွန်း ၂ ဇွန်း၊

ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း ၁ ဇွန်း၊

မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊

နှမ်းလှော်.. ထမင်းစာဇွန်း ၁ ဇွန်း၊

သံပုရာသီးတခြမ်း။

မန်းကျဉ်းမှည့် - ထမင်းစာဇွန်း ၁ ဇွန်း၊

မယ်ဇလီဖူးကို ရေဆေးပြီး ရိုးတံ နှင့် အရင့်တွေ ဖယ်ပြီး ပြုတ်ပါ …၁၀ မိနစ် လောက်ပြုတ်ပြီး ၊ ရေသွန်

ပြီး ရေသစ်လဲ၍ မန်ကျဉ်းမှည့် ထည့် ၁၀ မိနစ် ထပ်ပြုတ်ပြီး ရေစစ်ကာ မညှက် တညှက် ထောင်း ပြီး ပါး

ပါး လှီး ထားသော ကြက်သွန်နီ၊ ဆား၊ အရသာ မှုန့် ငံပြာရည်၊ ကြက်သွန် ဖြူ၊ နီ ဆီချက်၊ ပုဇွန်ခြောက်

ထောင်း မြေပဲလှော်ထောင်း၊ နှမ်းလှော်တို့ကို ထည့်ကာ သံပုရာရည် ညှစ်ထည့်ပြီး သမအောင်နယ်ကာ သုံးဆောင်လို့ရပါပြီ

Source : ဆိုင်မွန်စာကြည့်ဆိုဒ်:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။