ဆန်းဆက်နိုင်ရဲ့အသက်20ပြည့်မွေးနေ့


ဒီနေ့ဟာအရပ်ရှည်ရှည်နဲ့သရက်မြို့သားဂိုးသမား

လေးဆန်းဆက်နိုင်ရဲ့မွေးနေ့ပါ။အသက်20

ပြည့်သွားတဲ့ဂိုးသမားလေးကိုသူ့ကိုချစ်တဲ့ပရိသတ်တွေ

ကလည်းဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။

သူ့ရဲကောင်မလေးအပါအဝင်ပေါ့နော်။ဆန်းဆက်နိုင်

ရဲ့ချစ်ရသူကတော့စင်ကာပူမှာနေတာပါ။


မနက်ကသူ့မွေးနေ့အမီစင်ကာပူကလက်ဆောင်

ပစ္စည်းတွေသူ့ဆီရောက်လာပါတယ်။

ဂိုးဖမ်းဖို့လက်အိပ်လေးတွေ၊အကျႌလေးတွေ၊အမှတ်တရ

နှစ်ယောက်တွဲဓာတ်ပုံလေးတွေနဲ့ချစ်သူရဲ့မွေးနေ့လက်ဆောင်

ဟာဆန်းဆက်နိုင်ကိုအံ့အားသင့်စေခဲ့ပါတယ်။သူ့ပရိသတ်

တွေကလည်းဆန်းဆက်နိုင်ကိုမွေးနေ့လက်ဆောင်

တွေပို့ပေးခဲ့ကြပါတယ်။မြန်မာ့လက်ရွေးစင်အသင်းကြီး

နဲ့အတူလေ့ကျင့်ခန်းဆင်းနေတဲ့သူ့အတွက်တော့ပျော်စရာ

လေးတွေဖြစ်သွားရပုံပါပဲ။လေ့ကျင့်ရေးကွင်းမှာ

ပင်ပန်းတာကို။



ဆန်းဆက်နိုင်ဟာဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာယူ-22အသင်း

မှာကျော်ကြားလာခဲ့သူပါ။ပြိုင်ပွဲကျင်းပချိန်အထိ

ဘုန်းသစ္စာမင်းရဲ့နောက်အရံဂိုးသမားသာဖြစ်ခဲ့ပေမယ့်

အခွင့်အရေးကိုအပိုင်အသုံးချပြီးမြန်မာယူ-22ရဲ့အဓိကဂိုးသမားနေရာဝင်ယူခဲ့သူပါ။ဆီးဂိမ်းအတွင်းတောက်ပခဲ့တဲ့ဂိုးသမား

လေးဟာမြန်မာလက်ရွေးစင်အသင်းကြီးမှာဆက်လက်ရွေး

ချယ်ခံရပြီးမြန်မာ့လက်ရွေးစင်အသင်းရဲ့အနာဂတ်ဂိုးသမား

အဖြစ်သူ့ကိုသတ်မှတ်ထားကြပါတယ်။ဂိုးသမားလေးရေ

Happy birthday ပါနော်။


Source-Sann Satt Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။