The X- Factor ရဲ့ Song for you Theme အတွက် ဘယ်ပြိုင်ပွဲဝင်တွေက ဘယ်သူ့အတွက် ရည်ရွယ်ပြီး ဘယ်လိုသီချင်းတွေကို သီဆိုယှဉ်ပြိုင်ခဲ့လဲ ဆိုတာလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပါ။

ပထမဆုံး တင်ဆက်သူဖြစ်တဲ့ ယမုံ (Voting number – X03) က “အရင်လိုပဲ အရင်အတိုင်းပဲ” သီချင်းကို ဘယ်ရောက်နေလဲ မသိရင်တောင် အကြီးကြီး ချစ်နေပါတယ် ဆိုပြီး အားပေးနေတဲ့ ပရိတ်သတ်တွေရော ချစ်ရတဲ့ ချစ််သူကိုပါ ဒီသီချင်းလေးနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

G Mine Nar (Voting Number – X10) က “ဘယ်သူဖန်ဆင်းပေးတာလဲ” သီချင်းကို ခံစားချက်အပြည့် Performance အပြည့်နှင့် သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းက ညိုချော ကောင်မလေးတွေ အားလုံး သဘောကျတဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်တာမို့ သူရဲ့ ဖျော်ဖြေတင်ဆက်မှုကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ 

David Derrick (Voting Number – X11) ကတော့ Bruno Mars သီဆိုထားတဲ့ “When I was your man” သီချင်းကို အမှားအယွင်းမရှိ သီဆိုတင်ဆက်သွားခဲ့ပါတယ်။ ပရိတ်သတ်တွေလည်း အခိုင်အမာ ရရှိပြီးသား ပြိုင်ပွဲဝင်တစ်ဦးမို့ ဆက်လက်အားပေးဖို့ကိုလည်း မျှော်လင့်ပါတယ်။

Oxygen (Voting Number – X06) အဖွဲ့က “အချစ်ဆုံး သူငယ်ချင်း” သီချင်းကို သီဆိုရင်း သူငယ်ချင်းကြားက သံယောစဉ်၊ ဖြူစင်တဲ့ မေတ္တာတရားတွေကို ဖန်တီးပုံဖော်ချင်တဲ့ ဆန္ဒအပြင် Groups Category က နှုတ်ဆက်ထွက်ခွာသွားခဲ့ရတဲ့ ပြိုင်ပွဲဝင်များနှင့် ကျောင်းတုန်းက သူငယ်ချင်းတွေအတွက် ရည်ရွယ်တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ဇင်သန့် (Voting Number – X12) က “သီချင်းများနဲ့အတူ” သီချင်းကို ကြုံခဲ့ရတဲ့ ဘဝ သင်ခန်းစာတွေနဲ့အတူ ဒီသီချင်းကို Performance အပြည့်နဲ့ ပုံဖော်သီဆိုသွားခဲ့ပါတယ်။ တင်ဆက်သွားခဲ့ပါတယ်။  

မယ်လိုဒီခေါင် (Voting Number – X08) ကတော့ “ကျေးဇူးပဲမေမေ” သီချင်းလေးကို ကမ္ဘာပေါ်မှာ ရှိတဲ့ မိခင်အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီသီချင်းလေးကို သီဆိုခဲ့ပါတယ်။ ကိုယ်တိုင််က မိခင်ဖြစ်လာတော့ သူမရဲ့ မေမေ့ကိုလည်း ကျေးဇူးတင်ပြီး မေမေ့ကို ကိုယ်ချင်းစာမိပါတယ်ဆိုတဲ့ သူမကိုလည်း အားပေးကြဖို့ မျှော်လင့်ပါတယ်။ ရင်ထဲထိပြီး မိခင်မေတ္တာကို ပုံဖော်နိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး။

Purity (Voting Number – X09) က mary ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “၀ဲ” သီချင်းကို သပ်သပ်ရပ်ရပ်နဲ့ အမှားအယွင်းနည်းစွာ သီဆိုသွားနိုင်ခဲ့ပါတယ်။ ဒီသီချင်းက နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့အပြင် သူမရဲ့ သီဆိုတင်ဆက်မှုနဲ့လည်း လိုက်ဖက်ခဲ့ပါတယ်။ သူမကိုလည်း အားပေးဖို့ မမေ့ပါနဲ့ဦးနော်။

ပရိတ်သတ်များအနေနဲ့ မဲပေးတဲ့အခါ MPT – 8606, Telenor – 6666, Ooredoo – 6002 နံပါတ်များကို ပြိုင်ပွဲဝင်များရဲ့ ကုဒ်နံပါတ်တစ်ခုတည်းကိုသာ ရိုက်နှိပ်ပြီး SMS ပေးပို့ပေးရမှာပဲ ဖြစ်ပါတယ်။ online ကနေ မဲပေးချင်တယ်ဆိုရင်တော့ https://apps.facebook.com/forevergroup/the-x-factor-myanmar-2017-voting မှာ မဲပေးနိုင်ပါတယ်။ facebook online account (one account >>> one vote) နှင့် SIM card တစ်ကဒ်ဆို (ဖုန်းနံပါတ် တစ်ခု) ဆိုလျှင် မဲတစ်စောင်သာ ပေးခွင့်ရှိတယ်ဆိုတာကိုလည်း မမေ့ပါနဲ့နော် ….

သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။