ရဲရင့်သူတို့ရဲ့အိမ်အပြန်


အာဆီယံဖူဆယ်ချန်ပီရှစ်မှာအံအားသင့်ဖွယ်ရာ

တွေလုပ်ပြနိုင်ခဲ့ပြီးနောက်မှာမြန်မာလက်ရွေးစင်ဖူဆယ်

အသင်းအိမ်ပြန်လာခဲ့ပါပြီ။ဆီမီးမှာအင်ဒိုကိုကျော်ဖြတ်၊

တတိယနေရာလုပွဲမှာဗီယက်နမ်ကိုအနိုင်ကန်ပြီး

မြန်မယဖူဆယ်အောင်မြင်မှုအလံလွှင့်ထူပြခဲ့ပါတယ်။

ဆီမီးမှာရှုံးတဲ့ထိုင်းကတော့ကမ္ဘာ့အဆင့်ရောက်နေလို့

ထားပါ။ကျန်တဲ့အသင်းတွေဖြစ်တဲ့အင်ဒိုနဲ့ဗီယက်နမ်တို့ဟာ

ဖူဆယ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရမြန်မာထက်များစွာ

မြင့်သူတွေပါ။

ဒီလိုအာဆီယံဖူဆယ်အင်အားကြီးတွေကိုအနိုင်ယူခဲ့တာ

တော်တော်ချီးကျူးဖို့ကောင်းပါတယ်။မလျှော့မနစ်သော

ဇွဲလုံ့လနဲ့မြန်မာအသင်းအပိုထပ်ဆောင်းရရှိခဲ့တာက

အာရှဖူဆယ်ချန်ပီယံရှစ်ဝင်ခွင့်။မြန်မာဖူဆယ်သမိုင်းတလျှောက်ပထမဆုံးအာရှအဆင့်

ပြိုင်ပွဲတစ်ခုကိုဝင်ရောက်ခွင့်ရခဲ့ခြင်းပင်ဖြစ်ပါတယ်။

စိတ်ဓာတ်ကောင်းသောအသငး်တစ်သင်း

အဖြစ်သတ်မှတ်ခံခဲ့ရပြီးအသန့်ရှင်းဆုံးဆုကိုလည်း

မြန်မာဖူဆယ်အသင်းရခဲ့သေးပါတယ်။

မနေ့ကသူတို့ပြန်လာခဲ့ကြပြီ။ဗီယက်နမ်နိုင်ငံဟိုချီမင်း

မှသည်ရန်ကုန်မြို့သို့။ပြည်သူတွေကသူတို့ကို

သူရဲကောင်းများသဖွယ်ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး

ဦးကိုကိုသိန်းလည်းသူတို့ကိုလာရောက်ကြိုဆိုခဲ့ပါတယ်။

ရဲရင့်သူတို့ရဲ့အိမ်အပြန်ကားခမ်းနားလွန်းပေစွ။

မြန်မာဖူဆယ်အသင်းနောင်အနာဂတ်မှာ

ဒီထက်ပိုတောက်ပနိုင်ပါစေလို့...

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။