ပြည်သူ့အချစ်တော် ဟာသသရုပ်ဆောင် ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ နှစ်ယောက်ဟာ သူတို့ ကိုယ်တိုင်ပါဝငသရုပ်ဆောင်ထားတဲ့ “မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးခဲ့တယ်လို့ သိရပါတယ်..။ ခင်လှိုင်တို့ မိသားစုနှင့်အတူ ဂွမ်းပုံတို့ ဇနီးမောင်နှံတို့ အတူ နိုဝင်ဘာ(၄)ရက်နေ့မှာ သမ္မတ ရုပ်ရှင်ရုံမှာ သွားရောက်ကြည့်ရှုအားပေးခဲ့ကြတာ ဖြစ်ပါတယ်..။ အဲ့ဒီအကြောင်းကို ပြည်သူ့အချစ်တော် ဂွမ်းပုံကို သူ့ရဲ့ fb စာမျက်နှာမှာ အခုလိုရေးသားထားတာ တွေ့ရပါတယ်..။ "မယားကြောက်ရွာ". .ရုပ်ရှင် .ပရိတ်သတ်များနှင့်အတူ . .အနုပညာမောင်နှမ၂ယောက် .သမတ. .မှာ. အားပေးနေပီ. .” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ယနေ့ နိုဝင်ဘာ(၅)ရက်နေ့မှာတော့ “မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားအတွက် သမ္မတရုပ်ရှင်ရုံမှာပဲ ပရိသတ်များကို ကိုယ်တိုင် အမှတ်တရလက်မှတ်များကို ရေးထိုးပေးခဲ့တယ်လို့လည်း သိရပါတယ်..။ “မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ(၃)ရက် သောကြာနေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသနေတာ ဖြစ်ပါတယ်..။ တစ်နေ့တာ ပင်ပန်းသမျှတွေကို အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ “မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှု့ပြီး အမောလေးတွေဖြေဖို့လည်း ပရိသတ်အချစ်တော် ဂွမ်းပုံက တိုက်တွန်းထားပါတယ်..။

ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး သူတို့ရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဝါရင့်ဟာသ သရုပ်ဆောင် အနုပညာရှင်တွေလည်း ဖြစ်ပါတယ်..။ အတူညီညီနဲ့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှစွာ လိုက်ဖက်ညီတဲ့ အနုပညာရှင်မောင်နှမ နှစ်ယောက်လည်း ဖြစ်ပြီး ပရိသတ်တွေအတွက် ဇာတ်ကားတွေလည်းကို အဆက်မပြတ်ရိုက်ကူးနေတာတွေ့ရပါတယ်..။ အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး အခမ်းအနားပွဲများလည်း တတ်ရောက်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။ လတ်တလောမှာတော့ “ဖွတ်ကျား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပြီး အဲ့ဒီ “ဖွတ်ကျား” ရုပ်ရှင်ဇာတ်ကားမှာတော့ မြင့်မြတ်၊ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်ပြီး ခင်လှိုင်၊ ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံနှင့် အခြား ဟာသအနုပညာရှင်များစွလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။