တောင်အာဖရိကတွင်သားရဲတိရိစ္ဆာန်များ၏ချို သားရေများနှင့်အစိတ်အပိုင်းများအားရောင်းဝယ်ဖောက်ကားမှုကြောင့် သားရဲတိရစ္ဆာန်များအား ရက်စက်စွာသတ်ဖြတ်မှုများမှာနှစ်စဉ်တိုးမြင့်လေ့ရှိလာပြီးအချို့မှာမျိုးတုန်းလုနီးပါး နည်းပါးလာခဲ့ရပါတယ်။ 

ယခုလည်း မညှာမတာရက်စက်သူ မုဆိုးတွေရဲ့လက်ချက်ကြောင့် ကိုယ်ဝန်ဆောင်ထားရသော ကြံ့မကြီးနှင်တကွ သူမ၏ကြံ့သားပေါက်လေးဟာလည်း သေဆုံးခဲ့ရပြန်တယ်။

မြင်ရသည့်မြင်ကွင်းမှာစိတ်မချမ်းမြေ့စရာကောင်းလှပါတယ်။အဘယ့်ကြောင့်ဆိုသော်ကား ကြံမကြီး၏ဦးချိုအား ဖြတ်လျက်ကြီးနှင့်နာကျင်စွာသေဆုံးခဲ့ရပါတယ်။မုဆိုးတွေဟာ ကြံ့ချိုကိုဖြတ်နေစဉ် လူအများနီးကပ်လာမှုကြောင့်ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ပါတယ်။ ထို့ပြင်ကြံ့မကြီး၏ဝမ်းတွင်လွယ်ထားသောသန္ဓေသားမှာလည်း သေဆုံးနေပြီဖြစ်ပါတယ်။ 

save the rhinon အဖွဲ့က အဆိုပါမုဆိုးတွေကြောင့် ဆယ်စုနှစ်တစ်ခုအတွင်းကြံ့ကောင်ကောင်ရေပေါင်း ၇၃၄၅ကောင် ဟာအသတ်ခံခဲ့ရပါတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်မှာဆိုရင် မုဆိုးတွေလက်ချက်နဲ့ဘဲ ကြံကောင်ရေ ၁၀၅၄ကောင်ဟာအသတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။