Chillies ဆိုတဲ့ ငရုတ်သီးလေးတွေလို့ ချစ်စနိုးခေါ်ကြတဲ့ သူတွေကတော့ နေခြည်ဦးကို ချစ်တဲ့ပရိစတ်တွေပါ

BeautybyNaychi ဆိုတဲ့ ပေ့လေးနဲ့ လူမှုကွန်ရက်ပေါ်မှာ အလှအပနဲ့ ဖက်ရှင်ဆိုင်ရာ အတွေ့အကြုံလေးတွေ Make up Tutorial ဗီဒီယိုလေးတွေ မျှဝေပေးနေတာဖြစ်ပါတယ်

အဆိုပါပေ့လေးကနေ သူမရဲ့လူငယ်ဆန်ဆန် ပွင့်လင်းသွက်လက်တဲ့ အပြောအဆိုအမူအရာလေးတွေကြောင့် သူမကိုအားပေးဝန်းရံတဲ့သူတွေပိုများလာပါတယ်

နာမည်ကြီး Beauty Blogger တစ်ဦးဖြစ်သလို ဖေ့ဘုတ်ဆယ်လီတစ်ဦးလည်းဖြစ်တဲ့ ချီချီဟာ ဒီနေ့မှာ Fan Meeting လေးကျင်းပခဲ့ပါတယ်

မိန်းကလေးပရိသတ်တော်တော်များများရဲ့ အချစ်ခံရသူကတော့ သူမတယောက်ထဲတင်မကပါဘူး သူမရဲ့မေမေ တီဆွေကလည်း ပါဝင်ပါသေးတယ်

နုပျိုသွက်လက်ပြီး ချစ်စရာကောင်းတဲ့ မေမေနဲ့ ချီချီတို့ရဲ့ ပုံရိပ်တွေကတော့ ရေပန်းစားလျက်ရှိပါတယ်

ပွဲလေးကို စည်စည်ကားကားကျင်းပခဲ့ပြီး ပရိသတိတွေနဲ့ ဓာတ်ပုံတွေရိုက်ခဲ့ပါသေးတယ်

Source-Beautyby Naychi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။