မော်ဒယ်မလေး M Seng Lu တစ်ယောက် တောင်ကြီးမြို့ကိုရောက်ရှိနေပြီး “ Baby It’s cold outside ” ဆိုတဲ့ Caption လေးနဲ့ သူမရဲ့အလှပုံလေးကို Facebook ပေါ်လွှင့်တင် ထားတာ ပဲ ဖြစ်ပါတယ်။ Shan United အသင်းရဲ့ Champion ဆုဖလားရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ Congratulation Show ပွဲမှာ ဖျော်ဖြေဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့အပြုံးလေးတွေကို မျှဝေဖို့ အလှဓာတ်ပုံလေးတွေရိုက်ကူးထားတာပဲဖြစ်ပါတယ်။

အသားရောင် Long cote ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဘောင်းဘီအရှည် ဒေါက်ဖိနပ် အနက်ရောင်နဲ့ အနက်ရောင်မာဖလာတို့ကို လိုက်ဖက်စွာဝတ်ဆင်ထားတာမို့ Black Lady  လေး M Seng Lu တစ်ယောက်ကတော့ ထူးထူးခြားခြားစာဖွဲ့နေစရာမလိုအောင်ကိုလှပလွန်း နေပါ တယ်။ ဘာမှအဆန်းအပြားထွေထွေထူးထူး ပြင်ဆင်ထားတာမရှိပဲ မရိုးမဆန်းပုံစံ လေးနဲ့ကိုပဲ သူမက ဆွဲဆောင်မှုအပြည့်ရှိလွန်းနေတာပါ။ စွဲမက်ချင်စရာကောင်းတဲ့ အပြုံး လေးတွေလည်း ပိုင်ဆိုင်ထားသူမို့ ပြောစရာမလိုအောင်ကို လှတဲ့ တိုင်းရင်းသူမော်ဒယ် မလေးပါပဲ။

Shan United ဘောလုံးအသင်းဟာ Champion ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့တာမို့ ဂုဏ်ပြု Show ပွဲ ကျင်းပပေးတဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ညမှာ Celebrity တော်တော်များ လာရောက်ဂုဏ်ပြု သီချင်းဆိုပွဲနဲ့ မီးပုံပွဲကျင်းပပေးခဲ့ပြီး Congratulation Show ကို ပိုမိုပြည့်စုံ အောင် အားဖြည့်ပေးခဲ့ကြပါတယ်။ ဒီထဲမှာ မော်ဒယ်မလေး M Seng Lu လည်းအပါအဝင် ပါပဲ။ သူမရဲ့ တောင်ကြီးရောက်ပုံရိပ်လေးတွေကိုလည်း ရှုစားကြည့်ပါဦးနော် ပရိတ်သတ်ကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။