ဒီအပတ် တနင်္ဂနွေညမှာတော့ ပွဲကြီးပွဲကောင်းတွေကိုကစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ မန်စီးတီးကတော့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံခဲ့ပါတယ်။ နှစ်သင်းစလုံးကတော့ အနိုင်ရဖို့ အတောင့်တင်းဆုံးလူနဲ့ထွက်ခဲ့ပါတယ်။ မန်စီးတီးမှာ အဂူရို ဒီဘရိုင်း အာဆင်နယ်မှာ အိုဇေးတို့ပွဲထွက်ခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနှင့် ၂သင်းစလုံးက အကြိတ်အနယ်ကန်ခဲ့ကြပါတယ်။ အိမ်ရှင် မန်စီးတီးအနေနှင့် အာဆင်နယ်ကို ဖိအားပေးခဲ့ပါတယ်။ပွဲချိန် ၁၉မိနစ်မှာတော့ မန်စီးတီး အသင်း ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ဒီဘရိုင်းကအပြင်းသန်သွင်းခဲ့တာပါ။

ဒုတိယပိုင်းစ၍မကြာခင်မှာပဲ မန်စီးတီးပင်နယ်တီရရှိခဲ့ပါတယ်။ စတာလင်းကြောင့် မန်စီးတီးတို့ ပွဲချိန်၄၈မိနစ်မှာပင်နယ်တီရရှိခဲ့တာပါ။ ရရှိလာတဲ့ပင်နယ်တီကို အဂူရိုကသွင်းယူခဲ့ပါတယ်။ ၆၄မိနစ်မှာတော့ အာဆင်နယ်အသင်း ချေပဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို လာကတ်ဇတ်က သွင်းခဲ့တာပါ။ ရ၅မိနစ်မှာ ဂျေးဆူက မန်စီးတီးအတွက် တတိယဂိုးသွင်းပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ၃ -၁ ဂိုးဖြင့်နိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။