မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ပါးမားစ်အသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၃ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၁ က ဘာစီလိုနာအသင်းနဲ့ ၈ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆင့် ၂ နေရာက ဗလင်စီယာအသင်းနဲ့လည်း ၄ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘန်ဇီမာ၊ စီရော်နယ်ဒို၊ အဆန်စီယို ၊အစ္စကို၊ ကတ်စမဲရိုး၊ တိုနီကရူး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်၊လက်ပါးမာစ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီရက်၊ ကယ်လာရီ၊ အကွီလာနီ၊ ကာစတယ်လာနို၊ ဂိုမက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၃ ကြိမ်လောက် ရှိခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၄၁ မိနစ် မှာ ကတ်စမဲရိုး က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်း ၅၆ မိနစ်မှာတော့ အဆန်စီယို က ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ၇၄ မိနစ်မှာ အစ္စကိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။