ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်သို့လာရောက်လည်ပတ်သူရှစ်ဦးထံမှကျပ်တစ်သောင်းတန်ငွေစက္ကူအတုများဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ(၂)ရက်ညကပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကျင်းပရာပွဲဈေးတန်းရှိအပျော်တမ်းသက္ကလတ်ဘောလုံးပစ်ဆိုင်သို့လာရောက်ဆော့ကစားတဲ့အမျိုးသားနှစ်ဦးထံမှကျပ်တစ်သောင်းတန်ငွေစက္ကူအတုများကိုင်ဆောင်အသုံးပြုနေတယ်လို့သတင်းပေးတိုင်ကြားချက်အရသွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးကျော်လင်းကပြောပါတယ်။ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှထပ်မစုံစမ်းစစ်ဆေးခဲ့ရာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို တစ်သောင်းတန်ငွေ စက္ကူအတု(၈၈)ရွက်နှင့်အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။  

ငွေစက္ကူအတုများကိုင်ဆောင်ကာတန်ဆောင်တိုင်ပွဲဈေးတန်းသို့လာရောက်လည်ပတ်ခဲ့တဲ့အမျိုးသားနှစ်ဦးကိုဖမ်းစီးမိပြီး၎င်းတို့နှင့်တစ်ဖွဲ့တည်းဖြစ်တဲ့အခြားအမျိုးသားငါးဦးနှင့်အမျိုးသမီးတစ်ဦးတို့ကိုမန္တလေး-လားရှိုးပွဲကောက်ရေတံ ခွန်လမ်းဆုံအနီးတွင် လိုက်ထရပ်မော်တော်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ဖြစ်တယ်လို့ဒုရဲမှူးကြီးကျော်လင်းကပြောပါတယ်။အဆိုပါငွေစက္ကူအတုနဲ့ပတ်သက်ပြီးစီအိုင်ဒီကပဲကိုင်တွယ်စစ်ဆေးနေတယ်လို့သိရပါတယ်။ နယ်မြေရဲတွေအနေနဲ့ အကြမ်းဖျင်းအားဖြင့် ငွေစက္ကူအတုနဲ့အစစ် လောက်ပဲ ခွဲခြားနိုင်မှာဖြစ်ပြီးဘယ်နိုင်ငံထုတ်တယ်ဆိုတဲ့အချက်လက်အတိအကျကိုတော့စီအိုင်ဒီကပဲသိနိုင်မှာဖြစ်တယ်လို့ဒုရဲမှူးကြီးကျော်လင်းကပြောပါတယ်။

ငွေစက္ကူအတု အသုံးပြုသူ များဟာ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်နှင့် သီပေါမြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သူများဖြစ်ကြောင်းကနဦးသတင်းများအရသိရပါတယ်။အဆိုပါငွေစက္ကူအတုကိုင်ဆောင်သူများကိုပိတ်ချင်းမြောင်ရဲကင်းစခန်းတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အက်ဥပဒေပုဒ်မ၁၀၅/၁၀၆ဖြင့်အမှုဖွင့်စစ်ဆေးနေတယ်လို့ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့ငွေစက္ကူများနှင့်ပတ်သက်ပြီးနောက်ဆက်တွဲ တရားခံများ ရှိ၊ မရှိ ကိုလဲဆက်လက်စုံစမ်းနေတယ်လို့ အမှတ်(၃) မှုခင်းရဲတပ်ဖွဲ့ (မန္တ လေး)မှ ဒုရဲမှူးကြီး စိုးနိုင်က ပြောပါတယ်။

photo - credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။