မော်ဒယ်၊ Makeup Artist ဟန်နာယူရီက သူမရဲ့ မွေးနေ့အလှူအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ်တွေအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

နိုဝင်ဘာ(၅)ရက်နေ့က ရန်ကုန်၊ လှိုင်သာယာ စက်မှုဇုန်(၂)ရှိ ဝါဠုကာရာမ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကလေးငယ်များအတွက် အာဟာရဒါနကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ဟန်နာယူရီက သူမရဲ့ Online Fan များနှင့်အတူူ နေ့လည်စာ အာဟာရကို မွေးနေ့အလှူအဖြစ် လှူဒါန်းပြီး ကလေးငယ်များအတွက် မုန့်များကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ဟန်နာယူရီက သူမအနေနဲ့ ဒီအတိုင်း အလှူငွေထည့်တာထက် ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းရတာကို သူမအနေနဲ့ ပိုသဘောကျတယ်လို့ ဆိုပါတယ်..။

မွေးနေ့အလှူအဖြစ် ကထိန်သင်္ကန်းကပ်လှူပြီး ကျောင်းရှိ သံဃာတော်များကိုလည်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်..။

မွေးနေ့အမှတ်တရအနေနဲ့ ကလေးငယ်များအတွက် နေ့လည်စာ လှူဒါန်း၊ မုန့်များကိုလည်း ပေးဝေလှူဒါန်းပြီး သန့်ရှင်ရေးတွေလည်း Fan တွေနဲ့ အတူ ကိုယ်တိုင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်..။

အခုလို Fan တွေနဲ့ အတူ ကလေးငယ်တွေအတွက် သွားရောက်လှူဒါန်းရတဲ့အတွက်လည်း အရမ်းကို ပျော်ပြီး ပီတိဖြစ်မိတယ်လို့လည်း သူမက ပြောထားပါတယ်.။

မွေးနေ့ Surprise အနေနဲ့ Fan Group က သူမရဲ့ ပုံတူပန်းချီကားလေးကို လက်ဆောင်ပေးခဲ့တဲ့အတွက် အရမ်းဝမ်းသာပြီး ပျော်လွန်းလို့ မျက်ရည်တောင်ကျမိတယ်.. အမှတ်တရပါပဲ.. လို့ ဆိုပါတယ်..။

မွေးနေ့အမှတ်တရစကားအနေနဲ့ကတော့ အသက်တစ်နှစ်ပိုကြီးလာတဲ့အတွက် ပိုပြီးတော့ ရင့်ကျက်ရမယ်..။ ပိုပြီးတော့ လုပ်စရာတွေများလာတယ်လို့ ထင်ပါတယ်..။

အခုချိန်အထိ အားပေးနေတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..။ ဒီထက်မက ပိုပြီးတော့ ကြိုးစားပါ့မယ်.. ပိုပြီးတော့ စံပြဖြစ်အောင် ကြိုးစားသွားပါမယ်..လို့ ပြောကြားခဲ့ပါတယ်..။

ပီတိဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ အလှူလေး ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။