ဆယ်စုနှစ်လေးခုလောက်ထိပြေးလွှားခဲ့ရပြီးတဲ့နောက်မှာတော့ အမေရိကန်အတွက် ပထမဆုံးအကြိမ်NYC မာရသွန်ပြိုင်ပွဲမှာပထမဆုရရှိခဲ့ပြီဖြစ်ပါတယ်။အဆိုပါအပြေးပြိုင်ပွဲတွင် အိုလံပစ်ကြေးတံဆိပ်ဆုရှင် ရှလိင်းဖလာဂန်ကအမေရိကန်အတွက် နှစ်လေးဆယ်အတွင်းအကောင်းဆုံးစွမ်းဆောင်ကြိုးစားပေးခဲ့တာလည်းဖြစ်ပါတယ် 

အသက်၃၆နှစ်အရွယ်ရှိပြီဖြစ်သော ရှလိင်း ဟာဆိုရင် အချိန် ၂နာရီ၂၆မိနစ် ၅၃စက္ကန့် နဲ့ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ရှလိင်းဟာ ပြိုင်ဘက်အပြေးသမား မေရီကီတနီ အား တစ်မိနစ်နဲ့တစ်စက္ကန့်အသာဖြင့်ပန်းဝင်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။အချိန်အတိအကျကိုတော့ လတ်တလောတွင် သေချာထုတ်ပြန်မဟုတ်သေးဘူးလို့ဆိုထားပါတယ်။

ရှလိင်းဟာ နောက်ဆုံးပန်းဝင်မည့်စည်းကိုကျော်ဖြတ်အပြီးမှာတော့ ပီတိမျက်ရည်တွေကျလျှက်တွေ့ရပါတယ်။အမေရိကန်အလံကို ကိုင်မြောက်ရင်းဖြင့်အောင်မြင်မှုကို ပျော်ရွှင်စွာခံစားနေရတာကိုလည်းတွေ့ရပါတယ်။ အမေရိကန်ဟာဆိုရင်၁၉၇၇ ခုနှစ်ကစပြီး အမျိုးသမီးမာရသွန်ဆုကိုလက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ထိုခုနှစ်တုန်းကဆိုရင်ဂျပန်-အမေရိကန် အမျိုးသမီး မီကီဂေါ်မန် ကအချိန် ၂နာရီ ၄၃မိနစ် ၁၀စက္ကန့်နဲ့ပန်းဝင်ကာဆုကိုပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။