တေးသံရှင်Lဆိုင်းဇီရဲ့အမာခံပရိသတ်တစ်ဦးအားပေးမှုဟာLဆိုင်းဇီကိုယ်တိုင်ပင်အံ့အားသင့်စေခဲ့ရတာပဲဖြစ်ပါတယ်။ပရိသတ်တစ်ဦးကသူဝတ်ထားတဲ့နားကပ်ကိုအတင်းချွတ်ပေးခဲ့တာကြောင့်ဝမ်းသာအံ့အားသင့်စေခဲ့ရပါတယ်လို့ဆိုပါတယ်။ပဲခူးမြို့တန်ဆောင်တိုင်ပွဲတော်မှာတေးသီချင်းများသွားရောက်ဖျော်ဖြေပြီးအပြန်မှာပဲခူးကပရိသတ်တစ်ယောက်ကမဆိုင်းဇီကိုဆုချချင်လို့ပါဆိုပြီးသူ့မရဲ့နားကပ်ကိုအတင်းချွတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပရိသတ်အမတစ်ယောက်ရဲ့အားပေးမှုဟာလူမှုကွန်ယက်တွေမှာပြန့်နှံခဲ့ပြီးအနုပညာရှင်တွေနဲ့ပရိသတ်တွေအားလုံးကိုအံ့အားသင့်စေခဲ့တာပဲဖြစ်ပါတယ်။

တေးသံရှင်Lဆိုင်းဇီဟာကိုယ့်ရဲ့ပရိသတ်တစ်ယောက်ကအခုလို့အားပေးတဲ့အတွက်အရမ်းကိုဝမ်းသာအံ့အားသင့်စေခဲ့ရပါတယ်လို့ဆိုပါတယ်။ပရိသတ်အမက''သူရဲ့နားကပ်ကိုအတင်းချွတ်ပေးတော့ကိုယ်လဲကြောင်သွားတာပေါ့နော်ရတယ်အမမလိုဘူးပြန်ဝတ်ထားပါလို့ပြောလဲအတင်းကိုချွတ်ပေးပါတယ်''လို့ဆိုပါတယ်။ပရိသတ်အမကဆိုင်းဇီကိုချစ်ပြီးတန်ဖိုးထားပေးတာကိုလက်ခံယူပေးပါလို့အတင်းကိုပေးနေတာပါလို့ပြောပြပါတယ်။အဲ့ဒါနဲ့ကိုယ်လဲသူကိုဖက်နမ်းလိုက်ပြီးအတူအတူဓာတ်ပုံရိုက်ရအောင်Facebookမှာလဲမှတ်တမ်းတင်မယ်နော်ဆိုပြီးဓာတ်ပုံခေါ်ရိုက်တော့ စိတ်လှုပ်ရှားပြီးဒူးပါတုန်နေပါတယ်လို့ပြောပါတယ်။အခုလိုရိုးသားဖြုစင်တဲ့ချစ်ပရိသတ်တွေရဲ့အားပေးမှုဟာအနုပညာရှင်တွေအတွက်အဖိုးမဖြတ်နိုင်တဲ့ချစ်ခြင်းမေတ္တာလေးတစ်ခုပဲဖြစ်ပါတယ်။

ပရိသတ်တွေဟာဆိုင်းဇီကိုနောက်နှစ်မှာလဲအခုလိုလာရောက်ဖျော်ဖြေပေးပါအုန်းအခွေတွေလဲများများထုတ်ပေးပါအုန်းလို့ပြောပါတယ်။ဆိုင်းဇီဟာလက်ရှိမှာလဲအနုပညာလုပ်ငန်းတွေအများကြီးကိုကြိုးစားလုပ်ကိုင်နေပြီးMusic MTVလေးတွေလဲရိုက်ကူးနေပါတယ်လို့သိရပါတယ်။ပရိသတ်တွေတောင်းဆိုကြတဲ့ဆန္ဒအတိုင်းအခွေတွေဆက်တိုင်ထွက်နိုင်အောင်ကြိုးစားပါ့မယ်လို့ပရိသတ်တွေကိုကတိပေးပါတယ်လို့ဆိုပါတယ်။အခုလိုပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလဲရင်ထဲမှာအမြဲတန်ဖိုးထားမှတ်သားထားပါတယ်လို့ဆိုပါတယ်။ဆိုင်းဇီနဲ့ပရိသတ်တွေအားလုံးကိုအံ့အားသင့်စေခဲ့တဲ့ပဲခူးကပရိသတ်တစ်ဦးနဲ့ရိုက်ကူးထားတဲ့အမှတ်တရပုံရိုက်လေးတွေကိုလဲဆိုင်းဇီနဲ့ထပ်တူပရိသတ်တွေကြည်နူးပျော်ရွှင်စေဖို့မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - Lဆိုင်းဇီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။