Beaut Blogger ဖြစ်တဲ့ နေခြည်ဦးကတော့ Shiseido နဲ့အတူ ဂျပန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။သူမက ဂျပန်ကို အရမ်းသွားချင်နေခဲ့တာ ဖြစ်ပြီး အရမ်းကို ပျော်နေခဲ့တာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ အောက်တိုဘာ(၃၀)ရက်နေ့မှာတော့ ဂျပန်နိုင်ငံမှာ Shiseido ရဲ့ ပစ္စည်းသစ် မိတ်ဆက်ပွဲကို တတ်ရောက်ဖို့အတွက် နေခြည်ဦးကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်..။

အရမ်းသွားချင်တဲ့ ဂျပန်နိုင်ငံကို သွားရပြီး သွားချင်တဲ့ ဆန္ဒလေး ပြည့်သွားတဲ့ အတွက်ရော သူ့ရဲ့ အလုပ်တွေကို ထပ်ပြီး လေ့လာခွင့်ရတဲ့အတွက်ရော အရမ်းကို ပျော်နေခဲ့တာလည်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းက Shiseido က ဂျပန်နိုင်ငံခရီးစဉ်အတွက် ဖိတ်ကြားလို့ သူမရဲ့ ပျော်ရွှင်မှုလေးကို Live လွှင့်ပြီး ပရိသတ်တွေကိုလည်း မျှဝေခဲ့ပါသေးတယ်..။

ဂျပန်ဆူရှီကို အရမ်းကြိုက်တာမို့ ဟိုရောက်ရင်လည်း ဂျပန်အစားအစာတွေ အများကြီး စားမယ်လို့လည်း ပြောထားပါတယ်..။

ဂျပန်ရောက်ရင်လည်း ဂျပန်ဖက်ရှင်နဲ့ ပတ်သက်ပြီး အများကြီး လေ့လာပြီး ဝယ်ဝတ်မယ်လို့လည်း ဆိုပါတယ်..။

သူမရဲ့ ဂျပန်ခရီးစဉ်ကတော့ နိုဝင်ဘာ(၅)ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး အမခုဆိုရင် ဂျပန်နိုင်ငံကို ရောက်ရှိလို့ နေပြီ ဖြစ်ပါတယ်..။

ဂျပန်မှာ တစ်ပတ်ကြာ နေပြီးရင်တော့ နိုဝင်ဘာ(၁၂)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၃)ရက်နေ့ကလည်း သူမရဲ့ Fan တွေနဲ့အတူ Fan Meeting & Beauty Blogger ပွဲလေးကို ကရဝိတ်ကန်တော်ကြီးမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်..။

ဒီပွဲမှာ နာမည်ကြီး အလှကုန်တွေက ၂၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းခဲ့ပြီး

ဝင်ကြေး အဖြစ်ရရှိခဲ့တဲ့ ငွေတွေအားလုံးကို AIDS ကူးစက်ခံကလေးငယ်တွေကို

စောင့်ရှောက်ပေးနေတဲ့ NAC (NLD AIDS center ) ကို ပွဲအပြီးမှာ လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်..။

နေခြည်ဦးဟာ အောင်မြင်တဲ့ Beauty Blogger တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး မဂ္ဂဇင်းကြော်ငြာများအတွက်လည်း ဓာတ်ပုံများ ရိုက်ကူးနေတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။