နေခြည်ဦးဟာ ဆယ်ကျော်သက်အရွယ် လူငယ်တွေ ကြားမှာ အောင်မြင်နေသူ တဦးလို့ ဆိုရမှာ ဖြစ်ပြီး သူ့အောင်မြင်မှု ရဲ့ နောက်ကွယ်မှာ သူမရဲ့ အဖေနဲ့ အမေက အဓိက ပါဝင်နေတယ်လို့ သိရပါတယ်။ နေခြည်ဦးဟာ New York တွင် ကျင်းပပြုလုပ်မယ့် New York Fashion Week ပွဲတတ်ရောက်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ပထမဦးဆုံး ဖိတ်ကြားခံသူ တဦးလည်း ဖြစ်ပါတယ်။

“အဖေက မှတ်မိတဲ့ အရွယ်ထဲက Memory တခုကို Remind ပြန်လုပ်တက်တဲ့ အရွယ်မှာ အဖေက အရမ်းကို ဂရုစိုက်ခဲ့တာ တွေ အကုန်မှတ်မိတယ် အမေဂရုစိုက်ခဲ့တာတွေကို မမှတ်ဘူး အမေလို့တွေးလိုက် ရင်ကြိမ်လုံး တချောင်းနဲ့ ရိုက်တာ အဲ့တာပဲမြင်တယ် ငယ်ငယ်လေးထဲ့က အမေ့ကို ရိုက်လို့ မချစ်ဘူး အဖေလို့ တွေးလိုက်တာနဲ့ ပါးစပ်နဲ့ လက်ညိုး ထိုးပြီး တော့တောင် မဆူတဲ့ ယောက်ကျာ်း မိန်းမ တယောက်ကို လက်ညိုးတယောက်နဲ့တောင် မထိတဲ့ယောက်ကျာ်း အဲ့တာကြောင့် အဖေကို ငယ်ကယ်လေးထဲ ကချစ်တာ ငါ့ကို မရိုက်ဘူးပေါ့ အဖေဆိုပြီး တွေးလိုက်တာနဲ့ သူဂရုစိုက်တာတွေ လိုချင်တာ ချက်ချင်းဝယ်ပေးတာတွေ ဒါတွေ အမြဲတွေးနေတော့ ငယ်ငယ်လေးထဲ က အဖေ့ကို အရမ်းချစ်တာ ကြီးလာပြီး blogger ဖြစ်လာတာလဲ အဖေ့ကြောင့်လဲ ပါတယ်”

သူမ Blogger စလုပ်သည့် အချိန်မှာ အဖေက စကားမပြောတော့ သည့် အတွက် သူမ ၏ အဖေက မကျေနပ်ဟုထင်မိကြောင်း၊ လက်ရှိတွင် သူမ ခြေထောက်ပေါ်မှာ သူမ ရပ်တည်နိုင်သည့် အတွက် အဖေက ဂုဏ်ယူနေကြောင်းကို ပြောပြခဲ့ပါသေးတယ်။

သူမ ဘဝအတွက် အမေက လည်းမရှိမဖြစ် ဖြစ်ကြောင်းကို ခုလိုပဲ ပြောပြခဲ့ပါသေးတယ်

“မေမေ မရှိလို့မရဘူး ဘဝမှာ အဖေ့ကို ပြောလို့မရတဲ့ စကားတွေ အတွေ့အကြုံတွေ အများကြီးရှိတယ်မေမေက မိန်းမသားချင်းဖြစ်တာက တကြောင်း မေမေစိတ်ထားနဲ့ နေခြည် စိတ်ထားက connect ဖြစ်တယ် အဖေ က ယောက်ကျာ်းလေးလဲ ဖြစ်တယ် စိတ်လည်းအရမ်းပြတ်တယ် ရင်ဖွင့်လို့တောင်မရဘူး အမေက နားထောင်ပေးတယ် မိန်းမ တယောက်မှာရှိတဲ့ နွေးထွေးပျူငှါတာတွေ ပြန်နှစ်သိမ့်ပေးတာတွေ အမြဲလုပ်ပေးနိုင်တယ်”

အဖေ့ကို ပိုချစ်တယ် အမေ့ မရှိရင်လည်း မနေနိုင်ဘူးစိတ်ညစ်စရာရှိရင် အမေ့ကို ဖုန်းဆက်ပြီး အမြဲပြောတယ် ခု လို လူတွေ အကုန်သိတာ အဖေကြောင့်ရော အမေ့ကြောင့်ရောပါတယ် လို့ နေခြည်ဦးက ပြောပြခဲ့ပါတယ်။

Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။