တနင်္ဂနွေညကတော့ ပွဲကြီးပွဲကောင်းများနှင့် စည်ကားခဲ့ပါတယ်။ ဇယားထိပ်ဆုံးက မန်စီးတီးကို အမီလိုက်နေတဲ့ မန်ချက်စတာယူနိုင်တက်ကတော့ ချယ်ဆီးနှင့်ကစားခဲ့ပါတယ်။ ချယ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တာပါ။ ချယ်ဆီးကလည်း အနိုင်ကို ဦးတည်ပြီး ကစားခဲ့ပါတယ်။ နှစ်သင်းစလုံးကတော့ တောင့်တောင့်တင်းတင်းနှင့် ပွဲထွက်လာပါတယ်။ ချယ်ဆီးမှာ ကန်တေပြန်ပါ၀င်လာခဲ့ပြီး မိုရာတာကိုအထောင်ထားကာ ဖာဘရီဂတ်စ်ရဲ့ ဖြတ်တင်ဘောတွေနဲ့ နည်းပြကွန်တီက ကစားကွက်ခင်းခဲ့ပါတယ်။  

မန်ချက်စတာယူနို်င်တက်ကတော့ လူကာကူ ရက်ဖိို့ အမ်ခီတာရန် တိုက်စစ်နှင့် စမောလင်း ဖီဂျုံး ခံစစ်နှင့် ပွဲထွက်လာပါတယ်။ ချယ်ဆီးကတော့ ပထမပိုင်းမှာ မန်ချက်စတာယူနိုင်တက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ဒုတိယပိုင်း စတင်ချိန်မှာတော့ ချယ်ဆီးတိုက်စစ်ကပိုအားကောင်းလာပါတယ်။ ပွဲချိန် ၅၅မိနစ်မှာတော့ ချယ်ဆီးတို့ ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကတော့ ကွင်းလယ်ကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို မိုရာတာက ခေါင်းတိုက်သွင်းခဲ့တာပါ။ 

ဂိုးပေးလို်က်ရပြီးနောက်မှာတော့ မန်ချက်စတာအနေဖြင့် ဖယ်လိုင်နီ လင်ဂတ် မာရှယ်တို့ကို ထည့်ကာ ကစားခဲ့သော်လည်း ချေပဂိုးမရရှိခဲ့ပေ။ ပွဲအပြီးမှာတော့ ချယ်ဆီးက ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာ မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟိုက ဂိုးပေးရတဲ့အခိုက်အတန့်ကလွဲလို့ ချယ်ဆီးနှင့်ယူနိုင်တက်ခြေညီခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်မော်ရင်ဟိုက “ဒီပွဲက ဂိုး အရင်သွင်းနိုင်တဲ့ အသင်းက အနိုင် ရနိုင်တဲ့ ပွဲဖြစ်ပြီး ချဲလ်ဆီးက ဂိုးသွင်းနိုင်တဲ့ အသင်းဖြစ်ခဲ့တာပါ ။ ဂိုးပေး လိုက်ရတဲ့ အနေအထားကတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့သင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။