Miss Universe Myanmar 2017အလှမယ်ဇွန်သံစဉ်ရဲ့ ဇွန်သံစဉ်ရဲ့အလန်းစား Nation Costumeဝတ်စုံပုံရိပ်တွေထွက်ရှိလို့လာပြီးပဲ

ဖြစ်ပါတယ်။ဒီဝတ်စုံဟာမြန်မာ့ရိုးရာဆိုင်းဝိုင်းကိုအခြေခံပြီးသရုပ်ဖော်ထားတဲ့ထူးခြားတဲ့ဝတ်စုံတစ်ခုပဲဖြစ်ပါတယ်။မြန်မာ့အနုပညာရွှေချည်ထိုးလက်ရာများနှင့်မှန်စီရွှေချလက်ရာများကိုဖော်ကျူးထားတဲ့အင်မတန်လက်ရာမြောက်တဲ့ဝတ်စုံတစ်စုံပဲဖြစ်ပါတယ်။ဆိုင်းဝိုင်းကြီးကိုတီးခတ်မယ့်ပုံစံဖြင့်သရုပ်ဖော်ပေးမယ့်မယ်စကြာဝဠာမြန်မာအလှမယ်ဇွန်သံစဉ်ရဲ့ဝတ်စုံမှာလဲကုန်းဘောင်ခေတ်မင်းသမီးများရဲ့ဝတ်စားဆင်ယဉ်ပုံတွေကိုအခြေခံပြီးတီထွင်ဖန်တီးချုပ်ထားတာပဲဖြစ်ပါတယ်။မင်းသမီးဝတ်စုံရဲ့အဆင်တဆာများကိုလဲမြန်မာ့လက်မှုရွှေခြည်ထိုးဖြင့်ပြုလုပ်ပြီးရွှေသားစစ်စစ်များထည့်သွင်းအလှဆင်ထားတာပဲဖြစ်ပါတယ်။အလှမယ်ဇွန်သံစဉ်ရဲ့တိမ်တောင်ဆံထုံးကိုအလှဆင်ထားတဲ့ရွှေကနုတ်ပန်းခက်များနဲ့ရွှေကြိုးတို့ဟာလဲရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတယ်လို့သိရပါတယ်။

မြန်မာ့ဆိုင်းဝိုင်းကြီးဟာကမ္ဘာပေါ်တွင်ဘယ်နိုင်ငံမှမရှိတဲ့ရိုးရာဓလေ့တူရိယာပစ္စည်းအစုံဖြင့်ဖွဲ့စည်းထားတာကြောင့်မြန်မာ့ဓလေ့မြန်မာ့ရိုးရာများပေါင်းစုရာအဖွဲ့ကြီးတစ်ခုပဲဖြစ်ပါတယ်။အလှမယ်ပြိုင်ပွဲဝင်မယ့်ရိုးရာဝတ်စုံမှာကုန်းဘောင်ခေတ်ကပေါ်ပေါက်ခဲ့တဲ့မီးရောင်များအောက်ကစင်မြင့်ပေါ်တွင်ခန့်ညားထည်ဝါသောမြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးပုံစံကိုဖန်တီးထားခြင်းဖြစ်ပါတယ်။မြန်မာ့ရိုးရာတူရိယာဖြစ်တဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးကို ရှေ့တည့်တည့်မှ မြင်ရမယ့်မြင်ကွင်းမျိုးကိုပုံဖော်ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ပြိုင်ပွဲစင်မြင့်ထက်တွင်ရှေ့တည့်တည့်မှမြင်ရတဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးမှပတ်ဝိုင်းကြီးပုံကိုမယ်စကြာဝဠာမြန်မာအလှမယ် ဇွန်သံစဉ်မှ ပုဝါဖြင့်သိုင်းကာ လက်ဖြင့်ဆွဲယူ သယ်ဆောင်လာမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အနောက်ဘက်တွင် ခေါက်ယူလာတဲ့ကြေးဝိုင်း၊ ပတ်မဝိုင်းနှင့်ပဉ္စရူပတို့ကို ဖြန့်ချပြသမှာပဲဖြစ်ပါတယ်။

မြန်မာ့ဆိုင်းဝိုင်းကြီးပုံကို ဖြန့်ချပြသလိုက်တဲ့အခါ မှာညာဘက်မှာရှိတဲ့ကြေးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း ဆိုင်းဘုတ်၊ ဘယ်ဘက်တွင် ပတ်မဝိုင်းနှင့် ပဉ္စရူပ၊ ၎င်းတွင်ချိတ်ဆွဲထားသော ပတ်မကြီးနှင့်မောင်းတို့ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထူးခြားတဲ့အနုပညာဖန်တီးမှုရိုးရာဝတ်စုံပြိုင်ပွဲဝင်မယ့်Miss Universe Myanmar 2017အလှမယ်ဇွန်သံစဉ်အတွက်လဲပရိသတ်တွေအားပေးစကားလေးတွေဆိုလိုက်ပါအုန်းနော်။ထူးခြားမှုတွေနဲ့မြန်မာ့ရိုးရာဓလေ့ကိုဖော်ကြူးမယ့်အလန်းစားဝတ်စုံလေးနဲ့ဇွန်သံစဉ်ရဲ့အလှတို့ပေါင်းစပ်နေတဲ့ထူးခြားတဲ့ပုံရိပ်လေးတွေပရိသတ်တွေမြင်တွေ့လိုက်တာနဲ့ဟာကနဲဟင်ကနဲအံ့သြသွားစေရမယ့်လို့ယုံကြည်ပါတယ်။ခမ်းနားတဲ့ဖန်တီးမှုတွေနဲ့ပြိုင်ပွဲဝင်မယ့်ဝတ်စုံဒီဇိုင်းပုံရိပ်လေးတွေကိုလဲပရိသတ်တွေကြည့်ရှုခံစားနိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - Miss Universe Myanmar 2017

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။