ဖခင်ဖြစ်သူ အဆိုတော် ဦးချစ်ကောင်းရဲ့ ခြေရာကို လိုက်နင်းတဲ့ အဆိုတော် အိမ့်ချစ်ဟာ သီချင်း အဆိုကောင်းရုံတင်မက ခိုကိုးရာမဲ့နေတဲ့ တိရစ္ဆာန်လေးတွေ အပေါ်ကို ချစ်ခင်တက်တဲ့သူတယောက်ပါ။ နိုဝင်ဘာ ၅ရက်နေ့မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့တဲ့ ဆင်တွေ အသတ်ဖြတ်ခံရမှု တားဆီးရေး Campaign တခုမှာလည်း တက်တက် ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ ဆင်ကောင်ရေပေါင်း ၁၄၀၀ ကနေ ၂၀၀၀ ကြားသာ ကျန်တော့ပြီးတော့ သက်ရှိသတ္တဝါလေးတွေကို သနားတဲ့ အနေနဲ့ အိမ့်ချစ်တို့ အနေနဲ့ ဘာတွေလုပ်ရမလဲ ဆိုတဲ့ Idea လေးတွေ အသိပညာပေးမှုလေးတွေ လုပ်နေပါတယ်”

မြန်မာနိုင်ငံ အနှံအပြားတွင် ဆင်များဟာ တပတ်ကို တကောင်နှုန်းဖြင့် သေဆုံးနေကြပြီး၊ ယခုနှုန်းအတိုင်းသာ ဆိုရင် နောင်နှစ်အနည်းငယ်တွင် နိုင်ငံရှိဆင်များ မျိုးတုံး ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “မိုမိုတို့ ရင်တွင်းစကားသံ Campaign” မှာ ဆင်တွေနဲ့ ပတ်သတ်တဲ့ သူမရဲ့ရင်တွင်းစကားသံလေးတွေ လာရောက် ဝေမျှပေးခဲ့ပါတယ်လို့ အိမ့်ချစ် က သူမရဲ့ လူမှု ကွန်ရက်ပေါ်မှာ ပြောပြခဲ့ပါတယ်။

Source - အိမ့်ချစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။