ဟိုင်းရားဟိုင်းရားပြန်ကြားရမယ့်ပွဲ

ကမ္ဘာ့အဆင့်မီလက်ဝှေ ့ပွဲကြီးတစ်ပွဲဖြစ်တဲ့

WLCကတော့ပြီးသွားခဲ့ပါပြီ။လက်ဝှေ့ကျော်တူးတူး

အောင်ပွဲခံခဲ့တဲ့WLCကတော့နိုင်ငံတကာပုံစံသွားနေတာကြောင့်အမှတ်ပေးစနစ်ပုံစံဖြစ်ပြီးမြန်မာရိုးရာလက်ဝှေ ့ရဲ့အငွေ့အသက်တစ်ချို့ပျောက်ဆုံးနေတယ်လို့ပရိသတ်တစ်ချို့

ကဆိုပါတယ်။အခုဟိုင်းရားဟိုင်းရားဆိုတဲ့အသံတွေနဲ့

အလဲထိုး အနိုင်ပွဲပုံစံမြန်မာလက်ဝှေ ့ပွဲစဉ်တွေလာပြန်ပါပြီ။

လက်ဝှေ့နေရှင်းကစီစဉ်တဲ့ပွဲဖြစ်ပြီးမြန်မာဘက်ကနာမည်ကျော်စောဂေါ်မူတိုနဲ့ထိုင်းဘက်ကကမ္ဘာကျော်မွေထိုင်းသမား

ဆင်မန်းနီး။

ဆင်မန်းနီးဟာဘောက်ဆင်ကျွမ်းတဲ့ထိုင်းနာမည်ကြီး

မွေထိုင်းသမားတစ်ယောက်ပါ။ချန်ပီယံဆုပေါင်းများ

စွာပိုင်ဆိုင်ထားပြီးစောဂေါ်မူတိုလို့ခေါ်တဲ့ဂေါ်ကြီးထက်

အတွေ့အကြုံကနှာတဖျားမကဝါးတစ်ပြန်သာလွန်သူပါ။

ရိုးရာလက်ဝှေ့နဲ့စိမ်းတဲ့သူမဟုတ်ဘဲဂေါ်ကြီးရှံုးထားတဲ့ဖိုက်တာဖျံသွေးကိုတောင်တောင်ငူပွဲမှာအစီးသရေထိုးထားနိုင်ပါတယ်။

စောဂေါ်မူတိုအတွက်တော်တော်ရုန်းကန်ရမယ့်ပွဲတစ်ပွဲလို့

မြင်ပါတယ်။ထပ်ပြီးဆိုးတာကဂေါ်ကြီးကရှေ့မှာထိုးထားတဲ့

ဝီဂျစ်နဲ့ပွဲမှာတလွဲလုပ်ပြထားတာပါပဲ။

ဝီဂျစ်နဲ့ပွဲတုန်းကပရိသတ်ကြိုက်မထိုးနိုင်ခဲ့တာကြောင့်

သူ့အနေနဲ့ဆင်မန်းနီးနဲ့ပွဲမှာအလဲထိုးအနိုင်ထိုးဖို့လိုအပ်ပါတယ်။

ဆင်မန်းနီးကိုနိုင်မှသာပရိသတ်တွေရဲ့လက်ခုပ်သံ

သူပြန်ရမှာပါ။ပြောမယ်သာပြောရတာပါဂေါ်ကြီးက

ပထမတန်းလက်ဝှေ့ကျော်တွေထဲမှာမွေထိုင်းနာမည်ကြီး

တွေနဲ့ထိုးသတ်ဖူးတဲ့အတွေ့အကြုံပေါင်းများစွာရှိသူပါ။

အီကျူစံနဲ့ထိုးဖူးသလို၊ဝီဂျစ်နဲ့လည်းထိုးဖူးသူပါ။

အခုလည်းဆမန်းနီးနဲ့ထိုးပြန်တော့မှာပါ။သူ့အနေနဲ့ဆမန်းနီးကို

အနိုင်းထိုးရုံကလွဲပီးရွေးစရာမရှိပါဘူး။ဝီဂျစ်နဲ့ပွဲတုန်းကလို

ဘောင်းဘီကြီးပဲလိပ်တင်မနေဖို့လိုပါတယ်။ဂေါ်ကြီးတို့ပွဲတွေကိုတော့နိုဝင်ဘာ19ရက်နေ့သိမ်ဖြူမှာ

ကျင်းပမှာဖြစ်ပြီးဂေါ်ကြီးနဲ့ဆင်မန်နီးတွဲဆိုင်းကခေါင်ပွဲပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။