ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ ၀က်စ်ဟမ်းတို့က လီဗာပုူးကို ရှုံးနိမ့်ခဲ့ပါတယ်။ ၀က်ဟမ်းအနေဖြင့် ၄-၁ ရလဒ်ဖြင့် ရှုံးခဲ့တာပါ။ ဒါ့ကြောင့် အသင်းအနေဖြင့် နည်းပြ ဘီလစ်ကို ထုတ်ပယ်လိုက်ပါတယ်။ ဘီလစ်နေရာမှာတော့ မိုယက်စ်ကိုခန့်လိုက်ပါတယ်။  

၀က်စ်ဟမ်းဘုတ်အဖွဲ့ဟာလီဗာပူးကိုလန်ဒန်စတေဒီယမ်မှာရှုံးနိမ့်ခဲ့ပြီးနောက်ဘီလစ်ကိုနည်းပြရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၀က်စ်ဟမ်းဟာဒီရာသီပရီးမီးယားလိဂ်၁၁ပွဲကစားထားပြီးချိန်မှာ ၂ပွဲသာနိုင်ခဲ့ပြီးတန်းဆင်းဇုန်မှာကျရောက်နေတာကြောင့်ယခုလိုအပြောင်းအလဲလုပ်ရန်ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ မိုယက်စ်ကတော့ ပရိးမီးယားလိဂ်မှာ အဲဗာတန်နှင့် မှတ်တမ်းတစ်ခုပြုခဲ့နိုင်သူပါ။ မိုယက်စ်၏မန်ချက်စတာယူနိုင်တက် နည်းပြဘဝကတော့ ရလဒ်တွေမကောင်းခဲ့ပါဘူး။

အထုတ်ခံခဲ့ရတဲ့ ဘီလစ်က “ကျွန်တော်ဒါကိုမျှော်လင့်ထားခဲ့ပြီးသားပါ။ နာကျင်တဲ့ခံစားမှုလည်းဘာမှမရှိပါဘူး။ ကျွန်တော်ဝက်ဟမ်းအတွက်လုပ်ဆောင်ခဲ့တာတွေအတွက်ဂုဏ်ယူလို့ရပါတယ်။ကျွန်တော်တို့ဒီရာသီမှာအစမကောင်းခဲ့ပါဘူး။ဒါ့ကြောင့်ဥရောပမှာရှိတဲ့အခြားကလပ်တွေလိုပဲပထမဦးဆုံးပေးဆပ်လိုက်ရတာဟာမန်နေဂျာပါပဲ။ ဒါဟာယုတ်တိရှိတဲ့အပြောင်းအလဲပြုလုပ်မှုပါပဲ။ပရိတ်သတ်တွေဟာကျွန်တော်နည်းပြရာထူးစတင်တာဝန်ယူတဲ့အချိန်ကစပြီးအဆုံးထိကျွန်တော့်အပေါ်အရမ်းကောင်းခဲ့ကြပါတယ်။” လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။