မန်ချက်စတာစီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးဖလားပွဲမှာ အာဆင်နယ်နှင့်ကစားခဲ့ရပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက ၃-၁ဂိုးဖြင့်နိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးများကို ဒီဘရီုင်း အဂုရိုနှင့် ဂျေးဆူးတို့က သွင်းယူပေးခဲ့တာပါ။ ဒါ့ကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်အပြတ်နှင့် ဦးဆောင်နေတာပါ။

မန်စီးတီးအသင်း၏ကစားသမား ဖာနန်ဒင်ညိုကတော့ အာဆင်နယ်ကိုနိုင်ခဲ့တာဟာအလွန်အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးကွင်းလယ်လူဖာနန်ဒင်ညိုက "အာဆင်နယ်ကိုနိုင်ခဲ့တာဟာကျွန်တော်တို့အတွက်အလွန်အရေးပါတဲ့နိုင်ပွဲတစ်ပွဲဆိုတာသံသယဖြစ်စရာမရှိပါဘူး။ အခုနိုင်ငံတကာပွဲကာလမတိုင်မီကျွန်တော်တို့ထိပ်ဆုံးမှာအမှတ်ပြန်နဲ့ဦးဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ပုံမှန်အတိုင်းပွဲက်ုမတည်ဆောက်နိုင်ခဲ့တာကြောင့်အဝေးဘောတွေနဲ့ကစားဖို့ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ပထမပိုင်းမှာအခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။”

ဆက်လက်၍ ဖာနန်ဒင်ညိုက “ဒုတိယပိုင်းမှာကျွန်တော်တို့နိုင်နေတာကြောင့်သူတို့တိုက်စစ်ကိုအားပြုကစားလာခဲ့ပြီးကျွန်တော်တို့အတွက်နေရာလွတ်တွေရရှိခဲ့ပါတယ်။ ကျွန်တော်တို့နောက်ထပ်နှစ်ဂိုးလောက်တောင်ထပ်ရသင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက်စာရင်ကျွန်တော်တို့ကစားပုံဟန်ချက်ပိုညီလာပါတယ်။ အသင်းဟာအကောင်းဆုံးကစားနေတဲ့အပြင် နိုင်ပွဲတွေရရှိမှု တိုက်စစ် ခံစစ်ကိုကျွန်တော်ကောင်းကောင်းလိုက်ပါကစားနိုင်ခဲ့တာကြောင့်ကျွန်တော်အရမ်းပျော်ပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။