ပရိသတ်အချစ်တော်မင်းသမီးချောလင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီမနှစ်ယောက်ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ညီမ၂ယောက်ဘုရားဖူးခရီးလေးထွက်ခဲ့ကြတယ်လို့သိရပါတယ်။ပရိသတ်အချစ်တော်လင်းဇာနီဇော်တို့ညီမတွေဟာလက်တစ်လောပရိသတ်တွေကြားမှာအရေးကိုရေးပန်းစားနာမည်ကြီးနေတဲ့(၁၅)မိုင်ဘုရားသို့သွားရောက်ဖူးမျှော်ခဲ့ကြတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲ(၁၅)မိုင်ဘုရားဖူးဆိုတဲ့စာလေးနဲ့အတူညီမ၂ယောက်ကုသိုလ်ယူနေကြတဲ့ပုံရိပ်လေးတွေကိုလဲမျှဝေထားတာပဲဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေနဲ့ဝေးကွာနေတဲ့တစ်ချိန်ကမင်းသမီးချောလေးတွေဟာလက်ရှိမှာတော့ ဝါသနာပါရာစီးပွားရေးလုပ်ငန်းလေးတွေလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။အချိန်ရရင်ရသလိုအလှူအတန်းလေးတွေဘာသာရေားလေးတွေလဲလုပ်ဖြစ်နေပါတယ်လို့ဆိုပါတယ်။ညီမ၂ယောက်တက်ညီလက်ညီနဲ့အနုပညာလုပ်ငန်းတွေလုပ်ခဲ့သလိုယခုအချိန်မှာလဲစီးပွားရေးလုပ်ငန်းလေးတွေဘာသာရေးတွေအလှူအတန်းတွေကိုတက်ညီလက်ညီလုပ်ကိုင်နေကြတဲ့ပရိသတ်အချစ်တော်ညီမ၂ယောက်ပဲဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီမ၂ယောက်ရဲ့(၁၅)ဘုရားဖူးပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

လက်ရှိမှာတော့လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီမ၂ယောက်ရဲ့"ရွှေခေါက်ဆွဲ"ဆိုတဲ့ရွှေတောင်ခေါင်ဆွဲလေးဟာဆိုရင်လဲပရိသတ်တွေကြားအရမ်းကိုနာမည်ကြီးနေတာပဲဖြစ်ပါတယ်။နိုဝင်ဘာ၃ရက်နေ့ကပြုလုပ်ကျင်းပခဲ့တဲ့Junctionဈေးပွဲတော်မှာလဲပရိသတ်တွေအတွက်"ရွှေခေါက်ဆွဲ"ရောင်းချပေးခဲ့တာဖြစ်ပါတယ်။အရမ်းအရသာရှိတဲ့လင်းဇာနည်ဇော်တို့ရဲ့ရွှေခေါက်ဆွဲဟာပရိသတ်တွေတကယ်ကိုအကြိုက်တွေ့စေခဲ့တာဖြစ်ပြီးလက်မလည်အောင်ရောင်းကောင်းခဲ့တာပဲဖြစ်ပါတယ်။အလှူကထိန်ပွဲတွေမွေးနေ့ပွဲတွေမင်္ဂလာပွဲတွေအတွက်လဲအော်ဒါတွေချက်ပြုတ်ပေးနေရပါတယ်လို့ဆိုပါတယ်။ညီမ၂ယောက်ဝါသနာပါတဲ့အလုပ်လေးတွေနဲ့တကယ်ကိုစိတ်ချမ်းသာစရာဘဝလေးတွေကိုဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - လင်းဇာနည်ဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။