နိုဝင်ဘာ ၃ ရက် မနေ့ကညနေပိုင်း မြိတ်မြို့ တွင်လမ်းလုပ်သားတွေ ပဆွပ်ချောင်းရေကို သောက်သုံးရာမှ အစာအဆိပ်သင့်ကာ ဆေးရုံပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။မြိတ်မြို့နယ် ပဆွပ်ကျေးရွာအနီး ကတ္တရာလမ်းခင်းနေတဲ့ လမ်းလုပ်သားတွေဟာ မွန်းလွဲပိုင်းလောက်မှာ ပဆွပ်ချောင်းအတွင်းရှိရေကို ခပ်ယူ သောက်သုံးမိပြီး နောက်နာရီဝက်အချိန်တွင် လူ ၄ ဦး အော့အန်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ ညနေ ၄ နာရီလောက်မှာတော့ ကျန်တဲ့လူတွေပါ ထပ်မံအော့အန်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဆရာမတွေ ပူးပေါင်းပြီး မြိတ်မြို့ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

လမ်းလုပ်သားစုစုပေါင်း(၁၄)ဦးညပိုင်းမှာဆေးရုံတင်လိုက်ရတာပဲဖြစ်ပါတယ်။စမ်းသပ်မေးမြန်းချက်အရချောင်းရေသောက်သုံးမိတယ်လို့အခုလို့အော့အန်တာတွေဖြစ်လာတာပါလို့ဆိုပါတယ်။လမ်းလုပ်သားတွေဟာ ပဆွပ်ချောင်းရေကို ပုံမှန်သုံးစွဲလာနေခဲ့ရာ အဲဒီနေ့ကမှ အော့အန်မှုတွေ ဖြစ်ပွားခဲ့တာလို့ အသက် ၃၇ နှစ်အရွယ်ရှိလမ်းလုပ်သားဒေါ်မော်မော်သန်းကပြောပါတယ်။လက်ရှိမှာတော့ဆေးကုသမှုပေးထားပြီးစိုးရိမ်စရာအခြေအနေမရှိပါဘူးအားလုံးသက်သာနေပါပြီလို့မြိတ်မြို့ပြည်သူ့ဆေးရုံက ဒေါက်တာတင်စိုးမိုးကပြောပါတယ်။

“ဒီလိုဖြစ်စဉ်မျိုးကို ၄၈ နာရီ မှ ၇၂ နာရီအထိ စောင့်ကြည့်ရပါတယ်။ တဦးချင်းရဲ့အခြေအနေကို စောင့်ကြည့်ပြီး သက်သာရင် ဆေးရုံက ဆင်းခွင့်ပေးမှာပါ။ ခုလည်း ၁၄ ဦး စလုံး အခြေအနေကောင်းကြပါတယ်” လို့ မြိတ်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းမှ ပြောကြားခဲ့ပါတယ်။

အစာအဆိပ်သင့်တဲ့ လမ်းလုပ်သား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦး လက်ရှိ ဖျားနာဆောင်မှာ ကုသပေးထားပြီး သက်သာနေပြီလို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မြတ်ထွဋ်(မြိတ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။