ရောဂါအများစုက အစားအသောက်ကနေ တစ်ဆင့် ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကောင်းဖို့ဆိုရင် လူနေမှု စတိုင်လ်၊ အပြုအမူထက် နေ့စဉ် စားသောက်နေတဲ့ အစားအသောက်ကို ဂရုစိုက်သင့်ပါတယ်။ တခါတလေကျရင် ပြဿနာမရှိလောက်ပါဘူးလို့ ထင်ရပေမယ့် တစ်ချို့ အစားအသောက်တွေကို တွဲဖက် စားသုံးမိတာကြောင့် အခန့်မသင့်ရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဖရဲသီးနဲ့ ဘဲဥ၊ ကော်ဖီနဲ့ ဂျယ်လီ စသည်ဖြင့် တွဲဖက်မစားသင့်တဲ့ အစားအသောက်တွေကို အများစုက သိထားကြပေမဲ့ သတိမထားမိတတ်တဲ့ အများစု မသိသေးတဲ့ တွဲဖက်မစားသင့်တဲ့ အစားအသောက်တွေလည်း ရှိတာမို့ ကျန်းမာရေး ဗဟုသုတ ရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

ဆန်းဒွစ်နဲ့ ကော်ဖီ

မနက်စာ ဖြစ်ဖြစ်၊ နေ့လည် အစာပြေစာဖြစ်ဖြစ် ဆန်းဒွစ်နဲ့ ကော်ဖီကို တွဲသောက်တတ်လေ့ရှိကြပါတယ်။ အဲဒီလိုတွဲပြီးစားပေးတာဟာ အစာချေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ချေရတာမို့ ကော်ဖီအစား ရေနွေးကြမ်းနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပိုပြီး သင့်တော်ပါတယ်။  

ခရမ်းချဉ်သီးနဲ့ သခွားသီး

အဲ့ဒီ အစားအစာနှစ်ခုကို ရောပြီးသုတ်စားတာဟာ အစာချေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်စေပါတယ်။ တွဲမစားဘဲ ခွဲစားတာ ပိုကောင်းပါတယ်။

အာလူးချောင်းကြော်နဲ့ အသား

အာလူးချောင်းကြော်နဲ့ အသားနဲ့ အများအားဖြင့်တွဲစားလေ့ရှိပါတယ်။ အဲဒီလိုတွဲစားတာဟာ ရင်ပြည့်ရင်ကယ်တာမျိုးဖြစ်စေပြီး အစာမကြေတာမျိုးဖြစ်စေပါတယ်။ 

နို့ထွက်ပစ္စည်းများနှင့် နာနတ်သီး

နို့ထွက်ပစ္စည်းတွေနဲ့ နာနတ်သီးကိုတွဲစားပေးတာဟာ အစာချေစနစ်ကို အနည်းငယ်နှေးကွေးစေနိုင်ပါတယ်။ အဲဒီလိုတွဲမစားသင့်ပါဘူး။ ဒိန်ချဉ်ထဲမှာ အသီးထည့်စားရင်တောင် တခြားအသီးအနှံတွေကိုပဲ ထည့်စားပါ။

ငှက်ပျောသီးနဲ့ နို့

ငှက်ပျောသီးနဲ့ နို့စားတာဟာ အစာချေဖို့ အနည်းငယ် နှေးကွေးစေနိုင်ပါတယ်။ အထူးသဖြင့် နို့နဲ့ တွဲသောက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ငှက်ပျောသီးကို ထမင်းစားပြီးချိန်မှာ စားတာမျိုးမဟုတ်ဘဲ သရေစာအဖြစ်စားပေးသင့်ပါတယ်။

ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး သာယာပျော်ရွှင်သော နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေ

သတင်းအရင်းအမြစ် - FoodMyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။