အဆိုတော်လဲဖြစ် မင်းသမီလဲဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ဒီဇင်ဘာလထဲမှာ One Lady Show လုပ်ဖို့စီစဉ်ထားပါတယ်။ သူမအနေနဲ့ အစပိုင်းမှာတော့ ရန်ကုန်မှာပဲပွဲလုပ်ဖို့ စီစဉ် ထားပေမယ့် မန္တလေး က သူမရဲ့ချစ်ပရိတ်သတ်များက တောင်းဆိုကြတဲ့အတွက်ကြောင့် မန္တလေးမှာပါ လုပ်ဖြစ်မယ်လို့ဆိုပါ တယ်။ ရန်ကုန်မြို့မှာ 24.12.2017 ရက်နေ့လုပ်ဖြစ် မှာဖြစ်ပြီး မန္တလေးမှာတော့ 16.1.2017 မှာလုပ် ဖြစ်မယ်လို့ဆိုပါတယ်။ ကျင့်ပမယ့်နေ ရာတွေကိုတော့ အတိအကျ မပြောထားသေးပါဘူး။ အောင်မြင်ပါစေဝိုင်းစုရေ။

အသံချိုချိုအေးအေးလေးတွေကြောင့် ပရိတ်သတ်အားပေးမှုကို အခိုင်အမာရထားသူဖြစ်ပြီး သူမထွက်ရှိခဲ့တဲ့ တေးစီးရီးခွေတွေဟာလည်းအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး တေးစီးရီးကတော့ “ မျက်လှည့် ” ဆိုတဲ့နာမည်နဲ့ထွက်ရှိခဲ့ပြီး ပရိတ်သတ်တွေ သဘောကျနှစ်သက်တဲ့ သံစဉ်တွေဖြစ်တာမို့ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ နောက်ပိုင်း တွေမှာလည်း “ အာဘွား ” “ ခါချနေရတယ် ” “ ဂါ ” စတဲ့တေးစီးရီး Album တွေထွက်ရှိ ထားပြီး အောင်မြင်မှုတွေလည်း ဆက်လက်ရရှိနေပါတယ်။ သူမနောက်ဆုံး ထွက်ရှိထား တဲ့ Mini Album လေးဖြစ်တဲ့ “ မယ်သီတာ ” ဆိုတဲ့သီချင်းလေးကိုလည်း သူမရဲ့ချစ်သူဖြစ်သူ အောင်လနဲ့ တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။

သူုမရဲ့အိမ်ထောင်ရေးပြိုကွဲပြီး အချစ်သစ်ပြန်လည်တည်ဆောက်တာနဲ့ပက်သက်လို့ အချို့ပရိတ် သတ်တွေက ဝေဖန်မှုတွေရှိပေမယ့် အနုပညာကြိုးစားမှုနဲ့ ကိုယ်ရေးကိုယ်တာဟာ သပ် သပ်စီမို့ သူမကိုအားပေးတဲ့ပရိတ်သတ်တွေကတော့ ချစ်ခင်မြဲ အားပေးမြဲပါပဲ။ ဒီနေ့မှာတော့ သူမရဲ့ December လ 24 ရက်နေ့မှာ ကျင်းပမယ့် One Lady Show အတွက် Dream Lover Band အဖွဲ့နဲ့ သီချင်းတိုက်နေတာဖြစ်ပြီး ပရိတ်သတ်တွေဆီအကောင်းဆုံးချပြနိုင်ဖို့ ကြိုးစားနေတာပဲဖြစ် ပါတယ်။ သူမရဲ့ One Lady Show ရက်ရောက်ရင်လည်း ပရိတ်သတ် တွေ ဝိုင်းစုကို ဝန်းရံပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။