"ရင်ဘတ်ထဲက ဓား" ရုပ်ရှင်ဇာတ်ကားကြီးဟာ ကြီးမားတဲ့ အောင်မြင်မှုနဲ့အတူ ပရိသတ်တွေကြား ပျံ့နှ့ံလို့နေပါတယ်။ ရုံပြည့်ရုံလျှံဖြစ်ခဲ့တဲ့အပြင် လက်မှတ်တွေ ဝယ်မရလောက်အောင် ရောင်းအားကောင်းခဲ့ပြီး သွားကြည့်ခဲ့ကြတဲ့ ပရိသတ်တွေ အနုပညာရှင်တွေအားလုံးကတော့ အူဝဲအတွက် အကယ်ဒမီ ဆိုပြီး ပြောလို့နေကြပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ် အချစ်တော် မမဗိုက် ချောရတနာ တစ်ယောက်လည်း သွားရောက် အားပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ "ရင်ဘတ်ထဲကဓား" ဇာတ်ကားနဲ့ပတ်သတ်ပြီး အကယ်ဒမီ မင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာက ယခုလိုချီးကျူးစကားဆိုထားတာကို တွေ့ရပါတယ်။ 

"ရင်ဘတ်ထဲကဓား ဇတ်လမ်းကို မနေ့ကကြည့်တယ်လေကောင်းလိုက်တာ ဘယ်လိုပြောရမလဲဆိုတော့ ကိုယ့်မျက်နှာ သာကြည့်တော့ နှာခေါင်းကိုနီရဲ သွားတာပဲ အပီအပြင်ခံစား ပလိုက်တာ သရုပ်ဆောင်မဟုတ်သလိုပဲ ငိုတာငိုတာဆိုတာချောရတနာတို့ ရုပ်ရှင်မို့လို့ အိမ်မှာ သာကြည့်မယ်ဆို ဘယ်လိုတွေ အားရပါးရငိုပြီးကြည့်မလဲဆိုတာ တီတီ နဲ့ မအူဝဲ ကျေးဇူးပါ" ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာက တဆင့် ကျေးဇူးတင်စကားဆိုပြီး ပြောပြထားပါတယ်။

Source: Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။