ဆူဇူကီးဖလားကိုယူ-၂၃အသင်းသာစေလွတ်တော့မည့်ထိုင်း

ထိုင်းဘောလုံးအဖွဲ့ခ ျုပ်FATဟာ ဆူဇူကီးဖလားအရင်တိုက်ဂါးဖလားလို့ခေါ်တဲ့ပြိုင်ပွဲကို

လူငယ်လက်ရွေးစင်တွေဖြစ်တဲ့ယူ-၂၃အသင်းကိုသာစေလွတ်တော့မှာပါ။

တကယ်တော့တိုက်ဂါးဖလားဆိုတာအာဆီယံနိုင်ငံတွေရဲ့နိုင်ငံ့လက်ရွေးစင်

အသင်းကြီးတွေယှဉ်ပြိုင်ကြတာပါ။အကြိတ်အနယ်ရှိလွန်းလို ့အာဆီယံဒေသတွင်း

အဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုရယ်လို့သတ်မှတ်ထားကြပါတယ်။ပြိုင်ပွဲဝင်

အသင်းတွေအားလုံးအလေးထားယှဉ်ပြိုင်တဲ့ပွဲမှာထိုင်းက

ဒီလိုလုပ်တာကောင်းပါ့မလား......

တကယ်တော့ထိုင်းလုပ်မယ်ဆိုလည်းလုပ်ချင်စရာပါ။

နှစ်တိုင်းလိုလိုတိုက်ဂါးဖလားမှာသူတို ့ပဲအမြဲတမ်းဗိုလ်စွဲနေတာကို။

တခြားအသင်းတွေကိုအထင်သေးတဲ့သဘောလည်းပါမှာပေါ့၊

Respect မရှိဘူးလို့ ပြောလို့ရပါတယ်။

ဒါပေမယ့်ထိုင်းဘောလုံးအဖွဲ့ခ ျုပ်မှာ ဆင်ခြေအပြည့်ရှိပါတယ်။

ထိုင်းဟာအာဆီယံထက်စာရင်အာရှအဆင့်ကိုပိုပြီးဦးစား

ပေးသွားတော့မှာပါ။

တိုက်ဂါးဖလားထက်စာရင်အာရှဖလားကိုပဲ

ထိုင်းအသင်းကြီးကိုစေလွတ်သွားမယ်လို့ထိုင်​းနည်​းစနစ်​ဒါရိုက်​တာ Wuthaya Laohakul က

True Sport ID နဲ့​တွေ့ဆုံ​မေးမြန်​းခန်​းတွင်​​ပြောကြားခဲ့ပါတယ်၊

တိုက်ဂါးဖလားကိုတော့ယူ-၂၃အသင်းကိုသာစေလွတ်သွားမယ်လို့

ပြောပါတယ်။လူငယ်တွေကိုအတွေ့အကြုံရစေချင်လို ့စေလွတ်တာလိ ု့

ပြောပါတယ်။ထိုင်းရဲ့ဒီဆုံးဖြတ်ချက်ကိုတခြားအာဆီယံနိုင်ငံတွေက

ဘယ်လိုFeed back ပေးမလဲဆိုတာတော့ စောင့်ကြည် ့ရမှာပါ။

Source-True News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။