ပရိသတ်အချစ်တော်သက်မွန်မြင့်တို့မိသားစုဟာသီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးမှာဆီးမီး(၉၀၀၀)ကပ်လှူပူဇော်ခဲ့ကြတာပဲဖြစ်ပါတယ်။သရုပ်ဆောင်သက်မွန်မြင့်နဲ့ချစ်ခင်ပွန်းကိုစစ်နိုင်တို့ရဲ့ဇွဲလုပ်ငန်းစုမှဝန်ထမ်းများနဲ့အတူနှစ်စဉ်နှစ်တိုင်းဆီးမီး(၉၀၀၀)ကပ်လှူပူဇော်ခြင်းနဲ့စတုဒီသာကျွေးမွေခြင်းအလှူတို့ကိုပြုလုပ်လာတာယခုနှစ်ဆို(၃)ကြိမ်မြောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။သက်မွန်မြင့်တို့မိသားစုလေးနဲ့အတူဇွဲလုပ်ငန်းမှဝန်ထမ်းမိသားစုများကတက်ညီလက်ညီပါဝင်ခဲ့ကြတာဖြစ်ပြီးတကယ်ကိုကြည်နူးဖွယ်ကုသိုလ်အလှူလေးပဲဖြစ်ပါတယ်။

တစ်နှစ်တစ်ခါအခုလိုဆီမီး(၉၀၀၀)နဲ့စတုဒီသာလှူဒါန်းခွင့်ရတဲ့အတွက်လဲအရမ်းပျော်ပါတယ်လို့ဆိုပါတယ်။ယခုနှစ်မှာတော့ထူးထူးခြားခြားအနေနဲ့ဇွဲလုပ်ငန်းစုကုမ္ပဏီမှဌာနတစ်ချင်းစီရဲ့ဝန်ထမ်းများကနေရွှေရင်အေး,ရွှေကြည်စနွင်းမကင်း,ကော်ပြန့်စိမ်း,ပဲပလာတာ,ကောက်ညှင်းပေါင်း,ဆီထမင်း,ကော်ဖီစတဲ့စတုဒီသာအမယ်အစုံကိုယခင်နှစ်နဲ့မတူညီပဲထူးထူးခြားခြားလေးစီစဉ်ခဲ့တာပါလို့သက်မွန်မြင့်ချစ်ခင်ပွန်းကိုစစ်နိုင်ကဆိုပါတယ်။မိသားစုတွေဝန်ထမ်းတွေမိတ်ဆွေအပေါင်းအသင်းတွေနဲ့တက်ညီလက်ညီရိုးရာမပျက်ကုသိုလ်ကောင်းမှုလေးကိုအတူတကွလုပ်ဆောင်ရတဲ့အတွက်အရမ်းကိုပျော်ရွှင်ဝမ်းမြောက်ရပါတယ်လို့ဆိုပါတယ်။

ဆီးမီး(၉၀၀၀)ကပ်လှူပူဇော်ခြင်းနဲ့စတုဒီသာကျွေးတဲ့ကုသိုလ်အလှူလေးယခုနှစ်(၃)ကြိမ်မြောက်ကနေနောင်နှစ်နောင်နှစ်တွေမှာမတူညီတဲ့ထူးခြားမှုလေးတွေနဲ့လှူဒါန်းနိုင်အောင်ကြိုးစားသွားမှာပါလို့ဆိုပါတယ်။ပရိသတ်အချစ်တော်သက်မွန်မြင့်ဟာလဲခုလိုလှူဒါန်းရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ကိုပရိသတ်တွေကိုကုသိုလ်မျှဝေပါတယ်သာဓုခေါ်ဆိုကြပါဆိုပြီးလဲပရိသတ်တွေအတွက်မျှဝေထားတာပဲဖြစ်ပါတယ်။သက်မွန်မြင့်တိုရဲ့ချစ်စရာကောင်းတဲ့မိသားစုလေးနဲ့အတူဇွဲလုပ်ငန်းစုဝန်ထမ်းမိသားစုများ,ဘုရားဖူးမိဘပြည်သူများနဲ့အတူဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ကြပြီးပျော်ရွှင်စွာကုသိုလ်ယူခဲ့ကြတာပဲဖြစ်တယ်။သက်မွန်မြင့်တို့မိသားစုအလှူလေးကိုလဲပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။