ပြီးခဲ့တဲ့ အမှတ်ပေးဖလားပွဲစဉ်မှာ ချယ်ဆီးက မန်ချက်စတာယူနိုင်တက်နှင့် ကစားခဲ့ရပါတယ်။ ချယ်ဆီးက မန်ချက်စတာယူနိင်တက်ကို ၁-၀ ဖြင့်နိုင်ခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ မိုရာတာက သွင်းယူခဲ့တာပါ။ ဒါ့အပြင် ချယ်ဆီးအသင်းမှာ ကန်တီပြန်ပါ၀င်လာနိုင်ခဲ့တာပါ။

ကန်တီက ဒဏ်ရာကြောင့်နားနေခဲ့ရသူဖြစ်ပါတယ်။ သို့သော် ယူနိုင်တက်နှင့်ကစားခဲ့တဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ကန်တီက ကွင်းလယ်မှာလည်း ဦးစီးနိုင်ခဲ့ပါတယ်။ အဆိုပါ မန်ချက်စတာယူနိင်တက်နှင့်ပွဲကခြေစွမ်းကြောင့် ကန်တီကို လူအများကချီးကျူးခဲ့တာပါ။ 

ထိုအထဲမှာမှ ချယ်ဆီးကစားသမားဟောင်းဖြစ်သူဒယ်ဆယ်လီက "ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ ချယ်ဆီး ယူနိုက်တက်ပွဲကိုကျွန်တော်မကြည့်ခဲ့ရပေမယ့်သူငယ်ချင်းတွေပြောတာကတော့သူအဲဒီပွဲမှာအကောင်းဆုံးကစားသွားတယ်ဆိုတာပါပဲ။ ချဲလ်ဆီးဟာခံစစ်ရှေ့မှာထိုင်ကစားပြီးအကူအညီပေးနိုင်မယ့်ကစားသမားတစ်ဦး ပြိုင်ဘက်ကိုတားဆီးခြင်း ဘောလုံးကြားဖြတ်လုခြင်း အင်အားပြည့်ကစားနိုင်တဲ့သူ့လိုကစားသမားတစ်ဦးကိုလိုအပ်နေခဲ့တာပါ။ သူပြန်လာတာကျွန်တော်ကျေနပ်ပါတယ်။ သူဒဏ်ရာရတဲ့အချိန်ကစပြီးချယ်ဆီးဟာအတက်အကျတွေဖြစ်ပေါ်နေပြီးကန်တီပြန်လာတာဟာအသင်းအတွက်ကြီးမားတဲ့အင်အားပါ။ အခုသူပြန်လာပြီဖြစ်ကာကန်တီဟာတစ်သင်းလုံးကိုတိုးတက်အောင်ဆွဲခေါ်နိုင်မယ့်သူပါ။” လို့ပြောသွားခဲ့ပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။