ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌ ၏ ထုတ်ပြန်ကြေငြာချက်များ အပေါ် မြန်မာ အစိုးအရအနေဖြင့် ကန့်ကွက် ကြောင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရသည် လူမျိုး၊ ဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အကျပ်အတည်း ဖြစ်နေသောသူ အားလုံးထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်မှုကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့မှု အပါအဝင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြိုးပမ်းမ ှုအချို့အဝက်ကိုသာ အသိအမှတ်ပြု ကြောင်း ရေးသားထား တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဟူသော အခြေခံမူကို ကိုင်စွဲထားသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်း၊ ထိုထုတ်ပြန်ချက်ကြောင့် မြန်မာနှင့် ဘင်္ဂလားဒေရှ် နိုင်ငံ နှစ်နိုင်ငံကြား ကောင်းမွန်နေသည့် စေ့စပ်ဆွေးနွေးမှုတွေကို ထိခိုက်စေနိုင်မည့် အန္တရာယ်ရှိခဲ့ပြီး၊ နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းဖြေရှင်းနေဆဲကာလတွင် မလိုအပ်ပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌမှ ယခုကဲ့သို့ထုတ်ပြန်ချက် ထုတ်ပြန်မှု အပေါ် မြန်မာအစိုးရ အနေဖြင့် လက်ခံကျေနပ်ခြင်း မရှိကြောင်း ဖော်ပြခဲ့ပါတယ်။

Source - Myanmar State Counsellor Office

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။