ပုဂံတွင် ရှိသည့် ဘုရားတစ်ဆူပေါ်မှ နိုင်ငံခြားသူတစ်ဦးလိမ့်ကျခဲ့ကြောင်းသိရှိရသည်။ လိမ့်ကျခဲ့သော နိုင်ငံခြားသူသည် ဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ရရက်နေ့ကဖြစ်ပွားခဲ့တာပါ။ အဆိုပါနိုင်ငံခြားသူ နေဝင်ချိန်ကို ကြည့်ရန် ဘုရားပေါ်တက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားပုံမှာ အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူ Ms Braun Kassanbra သည် ည နေ ၅ နာရီခန့်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ၀တ္ထနတော ဘုရားအစုအတွင်းရှိ ဘုရားအမှတ် ၃၅၂ ပေါ်သို့ တက်ရောက်ခဲ့ရာ အမြင့်ပေ ၂၀ ခန့်မှ မတော်တဆ လိမ့်ကျခဲ့သဖြင့် မျက်ကွင်းနှစ်ဖက်ဖူး ရောင်ညိုမဲဒဏ်ရာ၊ နားနှစ်ဖက်သွေးထွက် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ သတိမရကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် ညောင်ဦးဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် နေဝင်နေထွက် ကြည့်ရှုရန် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ရှုခင်းကြည့်ကုန်းများ စီစဉ်ဆောင်ရွက် ထားသော်လည်း ကမ္ဘာလှည့်ခရီးသွား အချို့သည် တက်ရောက်ခွင့် မရှိသော ရှေးဟောင်းဘုရား အဆောက်အအုံများပေါ်သို့ တက်ရောက်ကြသဖြင့် မတော်တဆ လိမ့်ကျကာ ဒဏ်ရာရှိမှုများ၊ အသက်အန္တရာယ် ဆုံးရှုံးရသည်များ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ အချို့သော ပုဂံရှိ စေတီများမှာ ခိုင်ခံ့မှုမရှိတော့ပေ။

Source – Eleven Media Group 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။