Myanmar Idolသီချင်းဆိုပြိုင်ပွဲကြီးရဲ့ဒုတိယအကြိမ်မြောက်ပွဲစဉ်မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့တေးသံရှင်ပိုးမီကိုမှတ်

မိသေးရဲ့လားပရိသတ်ကြီး။ပိုးမီဟာနောက်ဆုံးစကာတင်အဆင့်အထိရွေးချယ်ခံခဲ့တာဖြစ်ပြီးလူကြိုက်များအားပေးမှုအမြောက်အများရရှိခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမရဲ့ထူးခြားတဲ့အသံပါဝါနဲ့ပရိသတ်တွေရင်ကိုလှုပ်ခတ်နိုင်ခဲ့တာကြောင့်ပရိသတ်တွေရဲ့ချီးကျူးအားပေးခြင်းခံခဲ့ရတဲ့ပြိုင်ပွဲဝင်အဆိုရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေရင်ကိုလှုပ်ခတ်စေခဲ့တဲ့ပိုးမီရဲ့ပြိုင်ပွဲဝင်ပုံရိပ်တွေကိုပရိသတ်တွေအမှတ်ရနေအုန်းမယ်ထင်ပါတယ်။ 

ပိုးမီးဟာMyanmar Idolသီချင်းဆိုပြိုင်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့အနုပညာလောကမှာဆက်လက်

လျောက်လှမ်းဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။Myanmar Idolမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ပြိုင်ပွဲဝင်အဆိုရှင်

များဟာလဲလက်ရှိအပြင်လောကမှာအနုပညာလမ်းကြောင်းတစ်ခုပေါ်လျောက်လှမ်းနေကြသူတွေပဲဖြစ်ပါတယ်။ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ပိုးမိဟာလဲလက်ရှိမှာနိုင်ငံကျော်Hip Hop အဆိုတော်တစ်ဦးနဲ့

ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်အတူတွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေအားလုံးသိကြတဲ့နိုင်ငံကျော်HIP HOPအဆိုတော်ကြက်ဖနဲ့အတူတွဲဖက်ပြီးသီချင်းလေးလုပ်ဖြစ်ခဲ့

တာဖြစ်ပြီးပိုးမီကိုယုံယုံကြည်ကြည်နဲ့ပါဝင်သီဆိုခွင့်ပေးခဲ့တဲ့ပရိုဂျူဆာနဲ့တေးရေးဆရာကိုလဲအများကြီးကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲ " ဒီည Rapperကြီးကိုကြက်ဖနဲ့အတူရုပ်ရှင်ဇာတ်ဝင်သီချင်းတစ်ပုဒ်အသံသွင်းဖြစ်ခဲ့ပါတယ်...ယုံကြည်စွာနဲ့သီဆိုခွင့်ပေးသောProducerနဲ့တေးရေးဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ...ဂီတနဲ့ငြိမ်းချမ်းပါစေ""ဆိုတဲ့စာလေးနဲ့အတူအမှတ်တရပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်ယက်မှာမျှဝေခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဘယ်ရုပ်ရှင်ဇာတ်ကားကြီးအတွက်သီဆိုပေးထားတာလဲကိုတော့မပြောသေးပဲပရိသတ်တွေကိုလျို့ဝှက်ထားတာဖြစ်ပြီးမကြာခင်မှာတော့ကြားသိနားဆင်ခွင့်ရမှာပဲဖြစ်ပါတယ်။ပိုးမိနဲ့ဟစ်ဟော့အဆိုတော်ကြက်ဖတို့ရဲ့အမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။