စပါးကစားသမားနှစ်ဦး ဖြစ်သော ဟယ်ရီကိန်းနှင့်ဟယ်ရီ ဝင့်ခ်တို့သည် ဒဏ်ရာပြဿနာ များကြောင့် ဂျာမနီ၊ ဘရာဇီးတို့နှင့်ခြေစမ်းပွဲကစားမည့်အင်္ဂလန်အသင်းလူစာရင်းမှနုတ်ထွက်ခဲ့ပါတယ်။ အစားထိုးမှုအဖြစ်ဝက်စ်ဘရွန်းကွင်းလယ်ကစားသမား ဂျိတ်ခ်လီဗာမိုးကိုအင်္ဂလန်နည်း ပြဂါရက်ဆောက်သ်ဂိတ်က ရွေး ချယ်ခေါ်ယူခဲ့ပါတယ်။တိုက်စစ်မှူးဟယ်ရီကိန်းသည် ဒူးဒဏ်ရာနှင့် ကွင်းလယ်လူ ဟယ်ရီဝင့်သည်ခြေချင်းဝတ် ပြဿနာခံစားနေရပြီး ၎င်းတို့နှစ်ဦးစလုံးသည် ခရစ္စတယ်ပဲလေ့စ် ကို ၁-၀ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆေး ဝါးကုသမှု ခံယူခဲ့ရခြင်းလည်းဖြစ်ပါတယ်။ထို့အတူစပါးကစားသမားဒီလီအယ်လီသည်မူလအင်္ဂလန်အသင်းလူ စာရင်းမှ နုတ်ထွက်ခဲ့ပြီး ၎င်း၏နေရာတွင်အစားထိုးရန်အဲဗာတန်နောက်ခံလူ မိုက်ကယ် ကိန်းကို ခေါ်ယူခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲတွင်ပွဲချိန်တစ်ပိုင်းကစားပြီး ထွက်ခဲ့ရ သူဟယ်ရီဝင့်ခ်သည်ခြေချင်း ဝတ်ခေါက်သွားကြောင်း၊ပထမ ပိုင်းတွင်ဒူးဒဏ်ရာကြောင့် ဆေး ဝါးကုသမှု ခံယူခဲ့ရသူဟယ်ရီကိန်းကို၇၇ မိနစ်၌လူစားလဲခဲ့ခြင်းသည် ဒဏ်ရာအခြေအနေ ပိုမိုမဆိုးရွား စေရန် ကြိုတင်ကာကွယ်ခြင်း ဖြစ်ကြောင်း စပါးနည်းပြ ပိုချက် တီနိုက ပြောကြားသည်။

ထိုအတောအတွင်း ချယ်လ် ဆီးဗဟိုခံစစ်ကစားသမား ဂယ်ရီ ကာဟေးလ်ကို လက်ရွေးစင်အ သင်းနှင့်မပူးပေါင်းမီ၎င်းကစားရန်သင့်၊မသင့်အသင်းကအကဲဖြတ် သုံးသပ်မည်ဖြစ်ပါတယ်။အင်္ဂလန်သည်နိုဝင်ဘာ၁၀ ရက်တွင်ဂျာမနီ၊ နိုဝင်ဘာ ၁၄ ရက်တွင်ဘရာဇီးတို့နှင့် ဝင်ဘ လေကွင်း၌ လက်ခံယှဉ်ပြိုင်မည်ဖြစ်သည်။ အင်္ဂလန်၊ ဂျာမနီနှင့်ဘရာဇီးတို့သည်၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထား သော အသင်းများဖြစ်သည်။

Source - 7daydaily , BBC / Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။