မြန်မာနိုင်ငံမှာ ခရီးသွားပြည်သူများအနေဖြင့် အဝေးပြေးကားဝင်းတွင်းတွင် အမြဲလိုလို စိတ်ညစ်ရလေ့ရှိသည်။ ခရီးသည် အတင်းခေါ်ခြင်းများ လူမိုက်များ နှောင့်ယှက်သူများဖြင့် တွေ့ရလေ့ရှိသည်။ ခရိးသွားများမှာ ထိုကဲ့သို့ ကြုံတွေ့နေရခြင်းအတွက် တာဝန်ရှိသူများမှ လိုက်လံဖြေရှင်းနေရသည်။ ယခုလဲ မန္တာလေးကားဝင်းအတွင်း ခရိးသွားများကို အုပ်စုလိုက်ခြိမ်းခြောက်ငွေတောင်းသူများကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဖြစ်စဉ်မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမန္တလာကားကွင်းသို့ လာရောက်သည့် ခရီးသည် ရဦးထံမှ အုပ်စုဖွဲ့ ခြိမ်းခြောက် ငွေတောင်းသူများထဲက တဦးကို မြို့တော်စည်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။နိုဝင်ဘာ ရရက် နံနက် ၅နာရီခန့်က မူဆယ်မြို့မှ သပိတ်ကျင်းမြို့ တွင်းငယ်ရွာသို့ သွားရောက်ရန် သီရိမန္တလာကွင်းသို့ ရောက်ရှိလာသည့် ခရီးသည် ရဦးကို ကားလက်မှတ် ဝယ်ပေးမည်ဆိုကာ လူ ၃ ဦးက လိုက်ထရပ်ကားဖြင့် ရ၇လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ကားဂိတ်တခုသို့ ခေါ်ဆောင်ကာ အုပ်စုဖြင့် ခြိမ်းခြောက်၍ ယာဉ်ငှားခ မတန်တဆ တောင်းယူပြီး ခရီး သည်အိတ်ထဲမှ ငွေများနှိုက်ယူခဲ့ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးရမိသူမှာ အောင်မြေသာစံမြို့နယ်နေ စိုင်းမောင်(ခ ) စိုးထိုက်မောင် ၃၂ နှစ်နှင့် မန်းဝင်း (စိစစ်ဆဲ)တို့ဖြစ်ပြီး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း၊ ကွင်းဆက် တရားခံများကိုလည်း ဆက်လက် ဖော်ထုတ် အရေးယူမည်ဟု သိရသည်။

ခြိမ်းခြောက်ငွေတောင်းခံရသူ ခရီးသည် ကိုအောင်ကျော်မိုးကလည်း “ကားနဲ့ ခေါ်သွားပြီး အဲဒီရောက်တော့ လက်မှတ်ဝယ် ခိုင်းတယ်၊ ပြီးတော့ တက္ကစီက တယောက်ကို တသောင်းခွဲ တောင်းတယ်။ တသောင်းထားပါလို့ပြောတော့ မင်းတို့က မိုက်လို့လားဆိုပြီး ကျနော် ပိုက်ဆံအိတ် လုယူသွားတယ်။ ပြီးတော့ ဒီကားကွင်းကိုပြန်ခေါ်လာတယ်။ ကားခနဲ့ တက္ကစီခ အသွားအပြန်ပေး လိုက်ရတယ်”ဟုပြောသည်။ အဆိုပါ လိုက်ထရပ်ကားဖြင့် ခေါ်ဆောင်လာသူများနှင့် ခရီးသည် ရဦး စကားများကြရာ ခေါ်ဆောင် လာသူများက ၎င်းတို့ နှင့် ဆက်စပ်သူများအား ဖုန်းဆက်၍ ခေါ်ရာ ဆိုင်ကယ်အုပ်စု ရောက်လာ ကြောင်း ကားလက်မှတ် တစောင် ၅၅၀၀ကျပ်၊ တက္ကစီခအဖြစ် တဦးလျှင် အသွားအပြန် ကျပ် ၂သောင်းပေးရပြီး စုစုပေါင်း ကျပ် ၁သိန်း ၈သောင်းကျော် ပေးလိုက်ရကြောင်း သိရသည်။ ထိုကဲ့သို့ စစ်ဆေးအရေးယူမှုများလုပ်ဆောင်နေလျက်ရှိရာ အောက်တိုဘာ တတိယပတ်မှ နိုဝင်ဘာ ပထမပတ်အထိ တရားမဝင်လက်မှတ်ရောင်းချနေသည့် ဂိတ် ၁၀ ခုကို အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။

Source – Irrawady 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။