John Cena ဟာ WWE ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ထိုးသတ်နေတဲ့ နာမည်ကျော် နပန်းသမားတစ်ဦး ဖြစ်တဲ့ အပြင် The Marine ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၄၀ နှစ် ရှိပြီဖြစ်တဲ့ မင်းသားနဲ့ နာမည်ကျော် နပန်းသမားဖြစ်သူ John Cena က သူ့အနေနဲ့ Nikki Bella နဲ့ လက်ထပ်ဖို့ စီစဉ်နေတယ် လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ Nikki Bella ဟာ Dancing with the Stars အစီအစဉ် နဲ့ အလုပ်ရှုပ်နေပါတယ်။

John Cena ဟာ Nikki Bella နဲ့ ငါးနှစ်လောက် တွဲခဲ့ ပြီးနောက် April လ မှာကျင်းပတဲ့ WrestleMania 33 ပွဲမှာ သူမကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ John Cena က “ကျွန်တော်တို့ မင်္ဂလာပွဲ ကိစ္စကို တချိန်လုံးပြောဖြစ်ကြပါတယ်။ အခုလို ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ ကြင်ဖော်ရရှိတာကို ကျွန်တော့်အနေနဲ့ အလွန်ပျော်မိပါတယ်။ ကျွန်တော် အရမ်းကံကောင်းတယ် လို့ ခံစားရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

John Cena ဟာ လက်ရှိမှာ Daddy’s Home 2 ဆိုတဲ့ ဇာတ်ကားမှာ အဖေတစ်ယောက် အနေနဲ့ ပါ၀င်သရုပ်ဆောင် ထားပါသေးတယ်။ သူ့အနေနဲ့ လက်တွေ့ ဘဝ ဖခင် အဖြစ်နဲ့ မည်သို့ ရှိမယ်ဆိုတာတော့ မပြောပြတတ်ဘူးလို့ အင်တာဗျူးတစ်ခု မှာပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့စုံတွဲနှစ်ယောက်လုံးဟာ ရုပ်ရှင် ပရောဂျက်တွေ မှာ ပါ၀င်လှုပ်ရှားနေပါတယ်။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။