နာမည်ကျော် ရောခ့် အဆိုတော်ဇော်ဝင်းထွဋ်နဲ့ အဆိုတော် R ဇာနည်တို့ဟာ ရှေးဟောင်းဘုရားစေတီတွေမှာ မိသားစုလိုက် ဘုရားထီးတင် ကုသိုလ်ယူ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ဘုရားထီးတင်ပွဲ အလှူမင်္ဂလာကို ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ္တီလာမြို့နယ်၊ မုန်တိုင်ကျေးရွာမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

မိတ္တီလာမြို့နယ်၊ မုန်တိုင်ကျေးရွာမှာ ရှေးဟောင်းဘုရား ပြည်လုံးချမ်းသာစေတီ၊ ရွှေဘုံသာစေတီ၊ ငွေဘုံသာစေတီ ဘုရားများကို ပြန်လည်ပြုပြင်ခြင်းနှင့် ရွှေထီးတော်၊ စိန်ဖူးတော်၊ ဌက်မြတ်နားတော် တင်လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် အလှူမင်္ဂလာ အခမ်းအနားပွဲကို မိသားစုများနှင့်အတူ ကုသိုလ်ယူ အလှူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

အလှူရှင်တွေကတော့ ဇော်ဝင်းထွဋ်၊ R ဇာနည် နဲ့ ကိုအောင်သူ(မန္တလေး) မိသားစုတို့က ထိုကုသိုလ် အလှူလေးကို လှူဒါန်းပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာတဲ့ ဧည့်ပရိသတ်များကိုလည်း ကျွေးမွေး လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မိသားစု စုံစုံညီညီနဲ့ ကုသိုလ်ယူ အလှူဒါန ပြုနေတဲ့ ပုံရိပ်လေးတွေဟာ ကြည်နူးပျော်ရွှင်စရာပါပဲ..

ထိုအလှူပွဲလေးမှာ ဇော်ဝင်းထွဋ်နဲ့ R ဇာနည်တို့ မိသားစုနဲ့အတူ အခြားအနုပညာရှင်များလည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်..။

နတ်လူ သာဓုခေါ်မယ့် သူတို့ရဲ့ ကြည်နူးစရာ ဒါနပြု အလှူပွဲ အခမ်းအနားပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် တင်ပြပေးလိုက်ပါတယ်..။

ဇော်ဝင်းထွဋ်နဲ့ R ဇာနည်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုတော် ဝေလတို့နှင့်အတူ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကြီးကိုလည်း ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်…။

ဇော်ဝင်းထွဋ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များမှာ သူ့ရဲ့ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းကောင်းတွေ သီဆိုဖျော်ဖြေပြီး ပရိသတ်ရဲ့ အားပေးအမှု အခိုင်အမာရရှိထားတဲ့ ရောခ့် အဆိုတော်တစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

R ဇာနည်ကလည်း အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ယနေ့ချိန်ထိ ရရှိပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

အသက်(၈)နှစ်ရှိပြီဖြစ်တဲ့ သားလေးကတော့ ဒုတိယတန်းမှာ ပညာသင်ကြားနေပြီး ဇနီးဖြစ်သူ ဝမ်းကလည်း ဒုတိယ ရင်သွေးလေးကို လွယ်ထားတာ ကိုယ်ဝန်(၆)လရှိပြီဖြစ်ပြီး ယောင်္ကျားလေး ဖြစ်တယ်လို့ သိရပါတယ်..။

Photo Source - Naw Mar Lwin၊ Aye Zaw Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။