ပြည်သူချစ်အဆိုတော်နန်းစုရတီစိုးတစ်ယောက် သူမမိသားစုနဲ့အတူအလည်အပတ်ခရီးစဉ် အဖြစ်နဲ့ ကိုးရီးယားနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ကိုးရီးယားတော်ဝင်ဇာတ်ကား တွေရိုက်တဲ့အခါ အသုံးပြုတဲ့နန်းတော်ဆီသို့အလည်သွားပြီး ကိုရီးယားရိုးရာဝတ်စုံလေးကိုဝတ် ဆင်ကာအလှဓာတ်ပုံအချို့ကို ရိုက်ကူးပြီး Facebook ပေါ်တင်ခဲ့ပါသေးတယ်။ သူမခရီးသွား နေတဲ့ကာလတိုလေးမှာ တောင်သူမရဲ့ချစ်သူက သူမအပျင်းဖြေဖတ်နိုင်ဖို့အချစ်စာလွှာ လေးတွေ တစ်ရက်တစ်စောင်စီပို့ပေးခဲ့ပါတယ။် အရမ်းကို Romantic ဆန်တဲ့စုံတွဲပဲ နော်။

သူမရဲ့ချစ်စရာကောင်းပြီးနန်းဆန်တဲ့ပုံလေးတွေကိုလည်း ပရိတ်သတ်တော်တော်များများက နှစ်ခြိုက်သဘောကျခဲ့ကြပါတယ်။ လှတဲ့သူတွေဘာဝတ်ဝတ်လှတယ်ဆိုတာမျိုးပေါ့။ နန်းစု တစ်ယောက် မြန်မာဝတ်စုံပဲဝတ်ဝတ် အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ် အားလုံးကလှနေ တာပါပဲ။ အခုကိုရီးယားဝတ်စုံလေးနဲ့လည်းတစ်မျိုးလေးချစ်စရာကောင်းပြီး လှနေတာပါပဲ။ ဒါကြောင့်လဲ ချစ်သူခင်သူ အားပေးသူ ပရိတ်သတ်တွေရဲ့အချစ်တော် အဆိုတော်မလေးဖြစ် နေခဲ့တာပေါ့။ သူမနောက်ဆုံးထွက်ရှိထားတဲ့ “ ရူးအောင်ချစ်ရသူ ” သီချင်းလေးဟာလည်း ပရိတ်သတ်တွေကြားမှာ အတော်လေးရေပန်းစားတဲ့သီချင်းလေးဖြစ်ခဲ့ပါတယ်။

သူမကသိပ်မကြာသေးခင်မိနစ်ပိုင်းလေးမှာ သူမကိုရီးယားသွားခဲ့တုန်းကအလှဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ ကိုရီးယားတော်ဝင်နန်းတော်ထဲမှာချစ်စဖွယ် Video File လေးကိုရိုက်ကူးထား တာပဲဖြစ်ပါတယ်။ Video File ကတော့ အရမ်းကြီးအထူးအဆန်းပုံစံတွေမပါပဲ သူမရဲ့ချစ်စဖွယ် အမူအရာလေးတွေကို ချည်းသီးသန့်ဖော်ညွှန်းထားတာဖြစ်ပါတယ်။ နန်းတော်ရဲ့နေရာအစုံ ကိုရိုက်ကူးပြထားပြီး သူမရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပေါင်းစပ်ထားတာကြောင့်ကြည့် လိုက်တဲ့သူတိုင်း သူမကိုချစ်သွားစေနိုင်မယ့် Cute Video လေးပါပဲ။ပရိတ်သတ်ကြီးအတွက် လဲ ပြန်လည်မျှဝေပေးလိုက်ပါမယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။