တေလာဆွစ်ဟာ သူမရဲ့ ၆ ခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Reputation ကိ်ု မဖြန့်ချီမီ သုံးရက်အလိုမှာ သူမရဲ့ ပရိသတ်တွေ နဲ့ တွေ့ဆုံခဲ့ တဲ့ ဗီဒီယို ကို ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲလေးမှာ တေလာဆွစ်က သူ့ရဲ့ ပရိသတ် ၅၀၀ လောက် နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမ ရဲ့ နေအိမ်မှာ ပြုလုပ်ကျင်းပခဲ့တာပါ။ သူမဟာ ပရိသတ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး သူမရဲ့ တေးသီချင်း အယ်လ်ဘမ် အသစ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

ဂရမ်မီ ဆု ပေါင်း ၁၀ကြိမ်လောက်ပိုင်ဆိုင်ထားတဲ့ တေလာဆွစ်ဟာ အဂါင်္နေ့မှာ တော့ သူမ ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ဗီဒီယိုလေးကို YouTube မှာ တင်ခဲ့ပါတယ်။ ပရိသတ်တွေ ထဲ က ပွဲတက်ရောက်ခွင့် ရရှိခဲ့တဲ့ ပရိသတ်တွေကတော့ တေလာဆွစ် အိမ်မှာ ပြုလုပ်တဲ့ အဆိုပါတွေ့ဆုံပွဲ ကို သွားရောက်ဖို့ စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ပရိသတ်တစ်ယောက်က “ဒါဟာ ကျွန်မအတွက်တော့ တကယ့်ကို အကောင်းဆုံးနေ့ရက်လေးဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

နောက်ပရိသတ်တစ်ယောက်ကလည်း “ကျွန်မတို့ အိုင်ယာလန်ကနေ လန်ဒန်ကို လေယာဉ်နဲ့ ဒီပွဲကို တက်ရောက်ဖို့လာခဲ့တာပါ။ ဆွေမျိုးသားချင်းတွေ ကျွန်မတို့ဒီကို လာတာကိုမသိပါဘူး။ တေလာဆွစ်ကို အားပေးတဲ့ အတွက်ကြောင့် သာ တိတ်တဆိတ် လာခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သူမ နဲ့ တွေ့ခွင့် ရတဲ့ အတွက် အလွန်ဝမ်းသာနေကြပါတယ်။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။