ပရိသတ်အချစ်တော်သရုပ်ဆောင်ညိမ်းသော်ရဲ့ကုသိုလ်အလှူလေးပဲဖြစ်ပါတယ်။ညိမ်းသော်ဟာသူရဲ့အမာခံချစ်ပရိသတ်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီးအမာခံချစ်ပရိသတ်တွေနဲ့အတူလှူဒါန်းမှုတွေအများကြီးအတူတကွလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ညိမ်းသော်ကိုချစ်တဲ့We Love ညိမ်းသော်Fanတွေနဲ့အတူတူကုသိုလ်ပြုလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေနဲ့အတူရဟန်းသံဃာတော်တွေကိုသင်္ကန်းနဲ့ဝတ္တူငွေကပ်လှူပြီးသံဃာတော်တွေအတွက်ဆွမ်းကပ်လှူခြင်းစတဲ့အလှူဒါနလေးတွေပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအစုံအညီနဲ့တက်တက်ကြွကြွလှူဒါန်းကုသိုလ်ပြုကြတာဖြစ်ပြီးတကယ်ကိုပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။သံဃာတော်တွေကိုလှူဒါန်းပြီးနောက်မှာတော့လမ်းထဲမှာစတုဒီသာကျွေးခဲ့ကြတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးချစ်ပရိသတ်တွေအားလုံးနဲ့အတူသုခရိပ်မြုံမှာပိုက်ဆံလေးတွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ခုလို့ချစ်ပရိသတ်တွေအားလုံးနဲ့အတူတူပျော်ပျော်ပါးပါးလှူဒါန်းခဲ့ရတဲ့အတွက်အရမ်းကိုဝမ်းသားကြည်းနူးရပါတယ်လို့ဆိုပါတယ်။ညိမ်းသော်ရဲ့လူမှုကွန်ယက်မှာလဲWe Loveလေးတွေနဲ့အတူတူလှူဒါန်းကုသိုလ်ပြုထားတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေထားတာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်အားလုံးနဲ့အတူတူခုလိုလှူဒါန်းကုသိုလ်ပြုရတဲ့အတွက်ပျော်လဲပျော်ပါတယ်အတူတကွလာရောက်ကုသိုလ်ပြုပေးခဲ့ကြတဲ့ We Loveလေးတွေအကုန်လုံးကိုလဲအများကြီးကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။နောက်ထပ်လဲ

ချစ်ပရိသတ်တွေအားလုံးနဲ့အတူဒီထက်မကလှူအတန်းလေးတွေပြုလုပ်နိုင်အောင်ကြိုးစားသွားပါမယ်လို့ဆိုပါတယ်။ရှုတင်ရှိတာကြောင့်ညနေအထိအချိန်မပေးနိုင်ခဲ့တဲ့အတွက်လဲWe Loveလေးတွေအားလုံးကိုတောင်းပါပန်ပါတယ်ဗျာ

လို့ဆိုပါတယ်။ညိမ်းသော်နဲ့ချစ်ပရိသတ်တွေရဲ့ပျော်ရွှင်ကြည်နူးဖွယ်လှူဒါန်းမှုပုံရိပ်လေးတွေကိုလဲပရိသတ်တွေ

အတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ညိမ်းသော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။