မော်ဒယ်သရုပ်ဆောင်ဘေဘီမောင်တစ်ယောက်ကတော့ မြန်မာဝတ်စုံလေးနဲ့ နန်းဆန်လို့နေ ပါတယ်။ “ ရဲသော်မသေ သေသော်ငရဲမလား ” ဆိုတဲ့စစ်ကားလေးကို ရိုက်ကူးနေတာဖြစ် ပြီး တောရွာလေးက ဆရာမလေးအဖြစ် သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကျက်သရေရှိတဲ့ မြန်မာ ဝတ်စုံလေးတွေနဲ့ သူမရဲ့ခန္တာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးလေးက အင်မတန်လိုက်ဖက်မှု ရှိလှပါတယ်။ မော်ဒယ်အဖြစ်ကနေမှ သရုပ်ဆောင်ဘဝကို ကူးပြောင်းလာတာဖြစ်ပြီး သူမ ကိုအားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေလဲအများအပြားရှိနေပါတယ်။ ဒီဇင်ဘာလောက်မှာ လဲ ရုပ်ရှင်ကားကြီး တစ်ကားရိုက်ဖို့ ရှိတယ်လို့လဲသိရပါတယ်။ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင် နဲ့ ပရိတ်သတ် ကို ဘယ်လိုဆွဲဆောင်မလဲဆိုတာ အားလုံးကစိတ်ဝင်စား နေကြတာအမှန်ပါ ပဲ။

သူမလက်ရှိရိုက်ကူးနေတဲ့ " ရဲသော်မသေ သေသော်ငရဲမလား " ဆိုတဲ့ဇာတ်ကားလေးဟာ သန်လျင်ဖက်မှာသွားရောက်ရိုက်ကူးထားတာဖြစ်ပြီး ရေလည်ကျောက်တန်းဘုရားနဲ့လည်း နီးတာကြောင့် သူမ Shooting နားတဲ့အချိန်လေးမှာ ရေလည်ကျောက်တန်းဘုရားကိုသွား ကာ ပဌာန်းရွတ်ဖြစ်တယ်လို့ပြောပါတယ်။ ဘုရားလဲဖူး လိပ်ဥလဲတူးဆိုသလို သူမကပဌာန်း ရွတ်ပြီးနားနေချိန်မှာ အလှဓာတ်ပုံအချို့ကိုရိုက်ကူးခဲ့ပါ တယ်။ သူမရဲ့လှပတဲ့ခန္တာကိုယ် ကောက်ကြောင်းတွေပေါ်မှာ မြန်မာဝတ်စုံလေးက ကျက်သရေရှိရှိ နေရာယူထားကြတယ်။ အရမ်းကိုနန်းဆန်တဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးဘေဘီမောင်ပါပဲ။သူမနဲ့ရိုက် ဖို့ကမ်းလှမ်း ထားတဲ့ ဇာတ်ကားတွေကို တခြားသူတွေက သူမတောင်းတဲ့ အနုပညာကြေး ထက် ပိုမိုသက် သာတာကြောင့် သူမမဟုတ်ပဲ တခြားသူကိုရွေးချယ်ရိုက်ကူးသွားတယ်လို့ လည်း သူမအလုပ် ရဲ့အခက်အခဲအချို့ကို Interview တစ်ခုမှာဖြေခဲ့ဖူးပါသေးတယ်။

" ရဲသော်သေ သေသော်ငရဲမလား " ဆိုတဲ့စစ်ကားထဲမှာ ဆရာမလေးအဖြစ်သရုပ်ေ်ဆာင် နေတာဖြစ်ပြီး သူမရဲ့လှပတဲ့အပြုံးလေးတွေနဲ့ ကျက်သရေရှိလှတဲ့ မြန်မာဝတ်စုံလေးတွေ ကိုတွဲဖက်ပြီး ချစ်စရာကောင်းပြီး ကျက်သရေရှိလွန်းတဲ့ သူမရဲ့အလှဓာတ်ပုံတွေကို တင် ထားတတ်ပါတယ်။ မင်းသမီးဘေဘီမောင်ရဲ့ ဘုရားသွားပြီး ပဌာန်းရွတ်ခဲ့စဉ်က ရိုက်ယူခဲ့တဲ့ အလှပလေးတွေကို ပရိတ်သတ်ကြီးလဲ ထပ်တူမြင်တွေ့ခွင့်ရအောင် တင်ပေးလိုက်ပါတယ် နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။