တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရဲ့ အချစ်တော်လေး ဖြစ်လာတဲ့ အဆိုတော်မလေး မိစန္ဒီဟာ သူမရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ ကိုယ်ပိုင် အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်..။

အဲ့ဒီသီချင်းလေးကတော့ သူမရဲ့ ပထမဆုံးအင်္ဂလိပ်လို ရေးပြီး အင်္ဂလိပ်လို သီဆိုထားတဲ့ သီချင်းလေးလည်း ဖြစ်တယ်လို့ ဆိုပါတယ်..။

သီချင်းလေးရဲ့ နာမည်ကတော့ “730 Days” လို့ အမည်ပေးထားပြီး ရက်ပေါင်း(၇၃၀)အတွင်းမှာ ကြည်နူးခံစားရတဲ့ အချစ်နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ သီချင်းလေးပါလို့လည်း ပြောထားပါတယ်..

ပထမဆုံး နိုင်ငံခြားဘာသာစကားနဲ့ ရေး၊ ဆိုထားတဲ့အတွက်လည်း အမှားပါရင် ခွင့်လွှတ်ပေးပါလို့လည်း သူမက ပြောထားပါတယ်..။

သူမဘဝရဲ့ အထူးတစ်ယောက်အတွက် ရည်ရွယ်ပြီး ရေးသား သီဆိုထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်..။

သီချင်း ဗီဒီယိုလေးကို သူမရဲ့ fb မှာ တင်ပေးထားတာ စြဖ်ပြီး သူမကိုယ်တိုင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

အဲ့ဒီအကြောင်းလေးကို နိုဝင်ဘာ(၄)ရက်နေ့မှာ မိစန္ဒီက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

မိစန္ဒီ သီဆိုထားတဲ့ ကိုယ်ပိုင် သီချင်းလေးကိုလည်း ပရိသတ်တွေအတွ့် ပြန်လည်မျှဝေလိုက်ပါတယ်..။ “**730 Days**

မိစန္ဒီ ဘဝမှာ ပထမဆုံး English လို ကိုယ်တိုင်ရေး/ဆို ထားတဲ့ သီချင်းလေး..

ပြီးခဲ့တဲ့၂နှစ် (ရက်ပေါင်း ၇၃၀) မှာ ကြည်နူးခံစားရတဲ့ အချစ်နဲ့ ပတ်သတ်ပြီး ရေးထားတဲ့ သီချင်းလေးပါ.. ။

ပထမဆုံး တခြား ဘာသာစကားနဲ့ ရေးဆိုထားတာမို့လည်း အမှားပါရင် ခွင့်လွှတ်ပါနော်..

This song is dedicated to my very special one. It's just a cute love song with very simple lyrics..

......................................

"730 Days" Lyrics Video

-Written and performed by "Mi Sandi"

-Music produced and mixed by "Myo Zaw Htet"

-Directed by - Myo Nandarwin

-Edited by - Zin Eaindrasoe

-HARMONY by "Mun Mun"

-Makeup- Hello

-Special thanks to my brother "Min Pyae Phyo Nyan" for editing the lyrics” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။