(၂၀၁၇)ခုနှစ်နှစ်ကုန်ပိုင်းကတော့ ကမ္ဘာကျော် ဆယ်လီစုံတွဲတွေ ပြတ်လိုက် ဆက်လိုက် ဖြစ်နေတဲ့ ကာလလို့ ပြောရမှာပါပဲ။

သူတို့အတွဲကလည်း ဂျေဘီနဲ့ ဆလီတို့စုံတွဲကို အားကျသွားလို့ထင်ပါတယ်။

နာမည်ကြီးဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ သားကြီးဖြစ်သူ ကင်မရာမန်းလေး ဘရွတ်ကလင်းဘက်ခမ်း ဟာ သူ့ရဲ့ ရည်းစားဟောင်းကောင်မလေးနဲ့အတူ ပြန်တွဲနေပြီဆိုတဲ့ ဓာတ်ပုံတွေက ဟိုးလေးတစ်ကျော်ဖြစ်နေပါတယ်။

ချစ်သက်တမ်း(၂)နှစ်ကြာတွဲခဲ့ပြီးမှ ပြတ်သွားကြတဲ့ ဘရွတ်ကလင်းနဲ့ မင်းသမီးချောလေး Chloë Moretz တို့စုံတွဲဟာ နယူးယောက်စီးတီးမှာကျင်းပတဲ့Xbox One x VIP Event & Xbox Live Session ဆိုတဲ့ပွဲတစ်ခုမှာ အခမ်းအနားတင်ဆက်သူတွေအဖြစ် ဂျင်းဝတ်စုံစင်တူနဲ့ တွဲဖက်တင်ဆက်ခဲ့တာပါ။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့သြဂုတ်လကထဲက ပြန်ပေါင်းထုတ်ခဲ့ကြပြီး ပရိသတ်တွေကိုတော့ စက်တင်ဘာလလောက်မှ တွဲနေကြောင်း အသိပေးခဲ့တာပါ။

ပြတ်လိုက်ဆက်လိုက် ဖြစ်နေတဲ့ စုံတွဲထဲမှာ သူတို့စုုံတွဲလေးကလည်း ချစ်စရာကောင်းပြီးလိုက်ဖက်ညီတဲ့စုံတွဲလေးမို့ အားလုံးကတော့ ၀မ်းသာနေကြပါတယ်။

နာမည်ကြီးမင်းသမီးချောလေး မောရက်ဇ်ဟာ သူမရဲ့ချစ်သူ ဘရွတ်ကလင်းနဲ့ အတူ တွဲဖက်ရိုက်ကူးထားတဲ့ပုံအချို့ကို အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

လူထုရှေ့ကို အတူတူပွဲထွက်လာတဲ့ သူတို့စုံတွဲကတော့ အမိုက်စားဖက်ရှင်စင်တူ နဲ့ အတွဲညီနေဆဲပါပဲ။   

Ref : Eonline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။