မန်ချက်စတာယူနိုင်တက်အသင်းကတော့ လူမှုကွန်ယက်ပေါ်တွင် ပရိသတ်အများဆုံးရထားသည့် အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါကတော့ မန်ချက်စတာယူနိုင်တက်က အာရှနှင့်အမေရိကန်မှာ ပရီသတ်တွေ အခိုင်အမာ ရရှိထားတာပါ။ ပရီးမီးယားလိဂ်ကလပ်အသင်းများထဲတွင် မန်ယူအသင်းသည် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ Follower အများဆုံးအဖြစ် ရပ်တည်လျက်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ကိန်းဂဏန်းများနှင့်တ ကွ ဖော်ပြခဲ့သည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များဖြစ် သော Facebook ၊ Twitter ၊ Instagram ၊Google+ များတွင် မန်ယူအသင်း၏ Followers စုစုပေါင်းမှာ (၁၁၅.၈)သန်းရှိနေပြီး ကျန်အသင်းများကို အပြတ်အ သတ်ဖြတ်ကာ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ 

မန်ယူအသင်းသည် Facebook တွင် Like လုပ် သည့်ပရိသတ်အရေအတွက် (၇၃)သန်းကျော်၊ Instagram တွင် Followers (၁၉)သန်းကျော်၊ Twitter တွင်Followers (၁၅)သန်းကျော်၊ Google+ တွင် Followers (၇)သန်းနီးပါးရှိနေပြီး စုစုပေါင်း Followers (၁၁၅)သန်းကျော်ရှိနေခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် YouTube တွင် တရားဝင် Channel မရှိသည့် တိုင် အနီးဆုံးပြိုင်ဘက် ချယ်လ်ဆီးကို Followers သန်း (၄၀)နီးပါးအသာရနေခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းမှာ YouTube တွင် Subscriber အများဆုံးကလပ်အသင်းအဖြစ်ရပ်တည်နေပြီး တစ်သန်းကျော်ရှိကြောင်း သိရှိရသည်။ မန်ယူအသင်းမှာ ဥ ရောပထိပ်တန်းကလပ်အသင်း(၃၀)တွင် Official YouTube Channel မရှိသည့် တစ်သင်းတည်းသော ကလပ်အသင်းအဖြစ်ရပ်တည်နေခြင်းဖြစ်သည်။

Daily Mail သတင်းစာကပြုလုပ်ခဲ့သောစစ်တမ်းအရ အသက် (၁၈)နှစ်နှင့် (၃၄)နှစ်အကြား လူငယ်၊ လူလတ်ပိုင်းပုဂ္ဂိုလ် အများစုမှာဘောလုံးပွဲများနှင့် ၎င်းတို့သိလိုသည့်အ ကြောင်းအရာများကို မိုဘိုင်းဖုန်းများတွင်သာကြည့်ရှုကြ ပြီး ၎င်းမှာ ရုပ်သံကုမ္ပဏီများအတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်းလည်း သိရှိရသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် အသုံးပြုသူများ ပြုလုပ်သည့် “Like”,”Comments”,”Share”,”Retweets”အစရှိသည့်အရာများ၌ မန်ယူအသင်းမှာပရီးမီးယားလိဂ်အသင်းအားလုံး၏ ထက်ဝက်ပမာဏခန့် ရှိနေကြောင်းလည်း သိရှိရသည်။ဥပမာအားဖြင့် ပရီးမီးယားလိဂ်အသင်း(၂၀)နှင့်ပတ်သက်၍ပြုလုပ်သည့်အကြိမ်သန်း(၅၁၀)တွင် မန်ယူအသင်းနှင့်ပတ်သက်၍ ပြုလုပ်သည့်အကြိမ်မှာ သန်း(၂၅၀)ခန့်ရှိကြောင်း သိရှိရသည်။ မကြာသေးမီကလည်းTwitter က #mufc မှာ အားကစားနှင့်ပတ်သက်ပြီး Twitter အသုံးပြုသူများ အများဆုံးပြုလုပ်သည့် hashtag ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Source – Daily Mail , Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။